Pages

Friday, October 10, 2014

ယာဉ်ကြောပိတ်ဆို့မှုအား ဖြေရှင်းရန် ရန်ကုန်မြို့ရှိ ၄၅ လမ်းနှင့် ဆိပ်ကမ်းသာလမ်းတို့တွင် အထပ်မြင့်ကားပါကင် တည်ဆောက်မည်

RangonNewsDaily:: October . 9 .2014
ယာဉ်ကြောပိတ်ဆို့မှုအား ဖြေရှင်းရန် ရန်ကုန်မြို့ရှိ ၄၅ လမ်းနှင့် ဆိပ်ကမ်းသာ လမ်းတို့၌ အထပ်မြင့်ကားပါကင်များ တည်ဆောက်မည်ဟု ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ အင်ဂျင်နီယာနှင့်အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိအချိန်၌ ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားနေကာ ယင်းယာဉ် ကြောပိတ်ဆို့မှုအကြောင်းအရင်း၌ ယာဉ်ရပ်နားခြင်းများလည်း ပါဝင်ကြောင်းသိရသည်။

''ကားပိတ်တာတွေလဲ လျော့ကျသွားဖို့လဲပါပါတယ်။ ဒီအဆောက်အအုံကိုဆောက် တာ။ ဒါကို ပုဂ္ဂလိကနဲ့ အကျိုးတူပူးပေါင်း အကောင်အထည်ဖော်ရန် တင်ဒါခေါ်ယူထား ပြီးပါပြီ''ဟု ယင်းကပြောသည်။
::
ယင်းအဆောက်အအုံများထဲမှတစ်ခုအား စည်ပင်သာယာရေးကော်မတီမှ တာဝန် ယူဆောက်လုပ်မည်ဖြစ်ကြောင်းလည်း ထပ်မံသိရသည်။

''ဆိပ်ကမ်းသာလမ်းက အဆောက်အအုံကို ကျွန်တော်တို့စည်ပင်ကပဲ တာဝန်ယူ ဆောက်လုပ်မှာပါ။ လက်ရှိ မြေပိုင်ဆိုင်မှုကိစ္စရပ်တွေကို စီစဉ်ဆောင်ရွက်နေပါတယ်။ ဗိုလ်တထောင်မှာ ဆောက်လုပ်မယ့် အထပ်မြင့်ကားပါကင်မှာ လူနေအိမ်ရာတွေပါ ပါဝင် မှာပါ။
::
အထပ် ဘယ်လောက်ဆောက်လုပ်မလဲဆိုတာကိုတော့ မသိရသေးပါဘူး''ဟု ယင်း က ပြောသည်။
ဆိပ်ကမ်းသာလမ်းရှိ ကားပါကင်အား အထပ် ၂ဝ မှ ၁၅ ထပ်အကြား၌ ဆောက် လုပ်မည်ဖြစ်ပြီး ဂျပန်ဒီဇိုင်းဖြင့်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ယင်းကဆက်ပြောသည်။

''ကားပါကင်တွေ တည်ဆောက်ပြီးရင်တော့ အခကြေးငွေယူပြီး ယာဉ်ရပ်နားခွင့်ပြု မှာပါ။ ဆောက်ပြီးရင်တော့ ယာဉ်ကြောပိတ်ဆို့မှုကို နည်းနည်းလျော့ကျစေမယ်လို့ ထင်ပါ တယ်''ဟုထပ်မံပြောကြားသည်။
::
ထို့ပြင် လှည်းတန်းလမ်းနှင့် ထန်းတပင်လမ်းထောင့်အနီး၌လည်း အဆင့်မြင့်ကား ပါကင်များ ဆောက်လုပ်ရန် တင်ဒါခေါ်ယူထားကြောင်းလည်း သိရသည်။

TheYangonTimes ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment