Pages

Friday, October 10, 2014

NLD ဗဟိုလူငယ်ဦးဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး တိုင်းနှင့်ပြည်နယ် လူငယ်တာဝန်ခံများ နိုဝင်ဘာလတွင် ထပ်မံတွေ့ဆုံမည်

RangonNewsDaily:: October . 9 .2014
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလူငယ်ဦးဆောင်အဖွဲ့၏ ပထမအကြိမ်အစည်းအဝေးမှ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးအတွက် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အဖွဲ့ဝင်လူငယ်တာဝန်ခံများမှ နိုဝင်ဘာလအတွင်း ထပ်မံတွေ့ဆုံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
"ကျွန်တော်တို့ အစည်းအဝေးဆုံးဖြတ်ချက်တွေထဲမှာပါတဲ့ ဗိုလ်ချုပ်နှစ်တစ်ရာပြည့်မွေးနေ
့ကျင်းပဖို့အပါအ၀င် အစည်းအဝေးဆုံးဖြတ်ချက်တွေအတွက် နိုဝင်ဘာမှာလုပ်မယ့် တိုင်းနဲ့ပြည်နယ်တာဝန်ခံဆွေးနွေးပွဲအပြီးမှ ဘယ်လိုဆက်လုပ်မယ်ဆိုတာသိရမယ်။ ကျွန်တော်တို့ အဲဒီမှာတွေ့ဆုံတဲ့အခါမှာ ဒါတွေနဲ့ပတ်သက်လို့ ဘယ်လိုဆက်လုပ်မလဲဆိုတာတွေကို စီစဉ်သွားမှာဆိုတော့လေ" ဟု ဗဟိုလူငယ်ဦးဆောင်အဖွဲ့မှ တွဲဖက်တာဝန်ခံ ဒေါက်တာဝေဖြိုးအောင်ကဆိုသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံအား ဇူလိုင် ၅ ရက်ကပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ပါတီအဖွဲ့ဝင်လူငယ်ကိုယ်စားလှယ် ၁၅၀ ဦးတက်ရောက်ခဲ့ကာ အဆိုပါညီလာခံမှ အဖွဲ့ဝင် ၅၇ ဦးပါဝင်သည့် ဗဟိုလူငယ်ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
::
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်ဦးဆောင်အဖွဲ့၏ ပထမအကြိမ်အစည်းအဝေးအား အောက်တိုဘာ ၄ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအစည်းအဝေးမှ လူငယ်ညီလာခံသက်
တမ်းသတ်မှတ်ခြင်းအား ဆိုင်းငံ့ထားရန်၊ ဗဟိုလူငယ်ဦးဆောင်အဖွဲ့အစည်းအဝေးအား လေးလ
တစ်ကြိမ်ပြု လုပ်ရန်၊ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ်ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီဖွဲ့ရန်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး လူငယ်လုပ်ငန်းအဖွဲ့ဝင်များမှ လုပ်ငန်းအစီရင်ခံ
စာများကို သုံးလတစ်ကြိမ်တင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

လက်ရှိတွင် လူငယ်ညီလာခံသက်တမ်းအား သတ်မှတ်ခြင်းနှင့်ပတ်သက်၍ သက်တမ်းအား ၃၅ နှစ်မှ ၃၀ နှစ်သို့ ပြောင်းလဲသတ်မှတ်ရန် သင့်မသင့်နှင့် ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့်အခမ်းအနား ကျင်းပရေးတို့အတွက် ဦးစားပေးလုပ်ဆောင်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
::
ထို့ပြင် အဆိုပါအစည်းအဝေးသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦး၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဗဟိုလူငယ်ဦးဆောင် အဖွဲ့ဝင် ၄၀ ဦး တက်ရောက်ဆွေးနွေးခဲ့သည်။

EMG ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment