Pages

Friday, October 10, 2014

ကယ်ဆယ်ရေးလုပ်ဆောင်စဉ် ပျက်ကျသွားသော B4ရဟတ်ယာဉ်မှ မြန်မာရဟတ်ယာဉ်မှူး ကိုအောင်မြတ်တိုး တောတွင်းတနေရာ၌ ကွယ်လွန်နေသည်ကို တွေ့ရှိ


RangonNewsDaily:: October . 9 .2014
ထူးဖောင်ဒေးရှင်းသည် ပြီးခဲ့သော စက်တင်ဘာ (၂၇)ရက် နေ့ကတည်းက အဆက်အသွယ်ပြတ်တောက်ခဲ့သည့် ကယ်ဆယ်ရေး B4 ရဟတ်ယာဉ်တွင် လိုက်ပါခဲ့သူများအား လိုက်လံရှာဖွေကယ်ဆယ်လျက်ရှိရာ အဆိုပါ ရဟတ်ယာဉ်မှ နောက်ဆုံးကျန်ရှိနေ သော မြန်မာရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးအား တောတွင်း တစ်နေရာ၌ ကွယ်လွန်နေကြောင်းကို ယနေ့ အောက်တိုဘာ (၉) ရက်နေ့၊ ညနေ (၄:၀၀)ခန့်တွင် ၀မ်းနည်းကြေကွဲဖွယ် တွေ့ရှိခဲ့ကြောင်း ထူးဖောင်ဒေးရှင်းဖေ့စ်ဘုတ်တွင်ရေးသားထားသည်။
ထူးဖောင်ဒေးရှင်းအနေဖြင့် အဆိုပါ ကယ်ဆယ်ရေး B4 ရဟတ်ယာဉ် မြေပြင်ကွပ်ကဲရေးနှင့် အဆက်အသွယ် စတင် ပြတ်တောက်ခဲ့သည့်အချိန်မှစ၍ ယင်းရဟတ်ယာဉ်တွင် လိုက်ပါခဲ့သူများ၏ အသက်အန္တာရယ်ကို စိုးရိမ်စွာဖြင့် အစွမ်းကုန် ကြိုးစားရှာဖွေ၍ ကယ်ဆယ်နိုင်ရန် ကြိုးပမ်းခဲ့ပါသည်။
::
ကံအကြောင်းမလှစွာဖြင့် မြန်မာရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုး ကွယ်လွန်ခဲ့ခြင်းအတွက် ထူးဖောင်ဒေးရှင်း အနေဖြင့် မိသားစုနှင့် ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါသည်။ ကွယ်လွန်သူ ကောင်းရာသုဂတိရောက်ပါစေကြောင်း ဆုတောင်းအပ်ပါသည်ဟု ရေးသားထားသည်။

Venus News ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment