Pages

Wednesday, October 8, 2014

ထောင်ဒဏ်နှစ်ပေါင်း ၁၅၂ နှစ်ကျခံရပြီး လွတ်ငြိမ်းခွင့်ဖြင့်လွတ်လာသူ ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေနှင့် တွေ့ဆုံခြင်း

Photo:: မိသားစုဝင်များနှင့်အတူ တွေ့ရသည့် ဦးသိန်းဆွေ (ဓာတ်ပုံ − နစ်ကီ)
RangonNewsDaily:: October . 8 .2014
ယခင်တပ်မတော်ထောက်လှမ်းရေးတပ်မှ ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေမှာ သမ္မတ၏ လွတ်ငြိမ်း
ချမ်းသာခွင့်ဖြင့် အောက်တိုဘာ ၇ ရက်တွင် မြင်းခြံအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ပါသည်။ 
၂၀၀၄ ခုနှစ် အောက်တိုဘာလက အများပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်မှုအက်ဥပဒေ (အပစ-၃)၊ အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅(ည)စသည့် ပုဒ်မများဖြင့် ထောင်ဒဏ်စုစုပေါင်း ၁၅၂ နှစ်ကျခံခဲ့ရ ခြင်း ဖြစ်သည်။

ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေမှာ ယခင်ထောက်လှမ်းရေးထိပ်တန်းအရာရှိကြီးများအနက် တစ်ဦး
အပါအ၀င်ဖြစ်ပြီး အကျဉ်းထောင်အတွင်း ဆယ်နှစ်ခန့်နေထိုင်ခဲ့ရကာ လွတ်ငြိမ်းချမ်း
သာခွင့်ဖြင့် ရန်ကုန်သို့ အောက်တိုဘာ ၇ ရက်က ပြန်လည်ရောက်ရှိလာခဲ့သည်။ ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေကို 7 Day Daily က တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

အခုလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့အပေါ်မှာ ဘာများ ပြောလိုပါသလဲ။
::
အရမ်းဝမ်းသာတယ်လို့ပဲ ပြော ဖို့ရှိပါတယ်။ အရမ်းကျေးဇူးတင် တယ်။ သမ္မတကြီးကို အထူးကျေး ဇူးတင်ပါတယ်။ ကျန်သေးတဲ့ ကိုယ်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကိုလည်း မြန်မြန်ဆန်ဆန်လွတ်ပါစေလို့ ဆုတောင်းပါတယ်။ ပြည် ထဲရေးအပါအ၀င် ဦးမရှိတဲ့နောက်ပိုင်းမှာ နှုတ်၏စောင်မခြင်း၊ လက် ၏ စောင်မခြင်းနဲ့ စောင့်ရှောက်သူ တွေကိုလည်း ကျေးဇူးတင်ပါ တယ်။

အခု ဦးရဲ့ ကျန်းမာရေးက ဘယ်လိုရှိပါသလဲ။
::
ကျန်းမာရေးကတော့ကောင်းပါတယ်။ လူကြီးကောင်းပေါ့။ ထမင်းကို ထောင်းပြီးစားနေရတာ တစ်နှစ်ရှိပြီ။ ဆီးကျိတ်တော့ ခွဲဖို့ရှိပါတယ်။

အခု လွတ်လာပြီးတဲ့နောက်မှာ နိုင်ငံရေးလောကထဲ ၀င်ရောက်ဖို့ရှိပါသလား။
::
နိုင်ငံရေးကိုတော့ ဘာမှ လုပ်စရာမရှိပါဘူး။ စိတ်လည်း မ၀င်စားပါဘူး။ အေးအေးဆေးဆေးပဲ ကိုယ့်မိသားစု စီးပွားရေးလေးလုပ်။ တရားအားထုတ်ပေါ့။ အခု အသက် ၇၀ ကျော်ပြီ။ နောက်ထပ် ၁၀ နှစ်၊ ၁၅ နှစ်ကောင်း ကောင်းနေရရင် အင်မတန် ကံ ကောင်းပါတယ်။ ဘာနိုင်ငံရေးမှ လည်း လုပ်စရာမရှိပါဘူး။ အေး အေးဆေးဆေး သားလေးတွေ၊ မြေးလေးတွေနဲ့ နေဖို့ပဲရှိပါတယ်။

အထဲမှာ ဦးနေရထိုင်ရတာ ဘယ်လိုရှိပါသလဲ။
::
အင်မတန်ကောင်းပါတယ်။စာရေးသောက်ရေး နေရေးထိုင် ရေးအစ အားလုံး အဆင်ပြေပါ တယ်။

ဦးကျခံခဲ့ရတဲ့ ပြစ်မှုပြစ်ဒဏ်တွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေက တရားမျှတမှုရှိ၊ မရှိ အပေါ်မှာကော အခုချိန်မှာ ဘယ်လိုများ ပြောကြားလိုပါသလဲ။

ဒီဟာနဲ့ ပတ်သက်လို့က တော့ အားလုံးသိပါတယ်။ ဦးဘာ မှ ပြောစရာမလိုပါဘူး။ ဒီပြစ်ဒဏ်တွေနဲ့ ပတ်သက်လို့ အခု သူတို့ ကျေနပ်လို့ လွှတ်ပေးလိုက်တဲ့အ ပေါ်မှာ ဦးအနေနဲ့ ဘာမှပြောစရာ မရှိပါဘူး။
::
သမ္မတက အခုပြန်လွှတ်တဲ့ လူတွေကို နိုင်ငံပြုပြင်ပြောင်းလဲရေးမှာ ပါဝင်နိုင်ဖို့ဆိုပြီး ပြောထားပါတယ်။ သမ္မတကြီးရဲ့ ပြောကြားမှုအပေါ်မှာ ဦးသဘောက ဘယ်လိုရှိပါသလဲ။

ဟက်ဟက်ပက်ပက် ရယ် လျက်) သမ္မတကြီးက လုပ်ပါလို့ လာပြီး ခေါ်ရင်တော့ လုပ်ရမှာပေါ့။ သမ္မတက လာမခေါ်ရင်တော့ ဦးလည်း ဘယ်လုပ်လို့ရပါ့မလဲ။
::
ဦးကို အခုလွှတ်ပေးလိုက်တာက ပြစ်မှုဆိုင်ရာကျင့်ထုံးပုဒ်မ ၄၀၁ နဲ့ပဲလား။ အဲဒီပုဒ်မနဲ့ လွတ်ကြောင်းကို လက်ခံကြောင်း လက်မှတ်ထိုးရတာမျိုးရှိပါသလား။

ဟုတ်ပါတယ်။ လက်မှတ် တွေကတော့ ထိုးရတာအများကြီး ပဲ။ ပိုက်ဆံပြန်ရကြောင်းလည်း ထိုးရတယ်။ ဘာကြောင်းညာ ကြောင်းတွေအစုံပါပဲ။ လွတ်ပြီးဆိုတော့လည်း ဘာဖြစ်ဖြစ်ထိုးရတာ ပေါ့။

ကျေးဇူးတင်ပါတယ်။

7Day Daily ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment