Pages

Wednesday, October 8, 2014

ရန်ကုန်မြို့တွင် နေ့စဉ်ထွက်ရှိနေသောအမှိုက်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ၂ဝ၁၅ခုနှစ်တွင် စတင်အကောင်အထည်ဖော်မည်

RangonNewsDaily:: October . 7 .2014
ရန် ကုန်မြို့တွင် နေ့စဉ်ထွက်ရှိနေသော အမှိုက်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ၂ဝ၁၅ခုနှစ်တွင် စတင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
''အခုထားဝယ်ချောင်မှာ တစ် ရက်ကို တန်၆ဝဝကျတဲ့ အမှိုက် မီး ရှို့စက်နှင့်အမှိုက်တွေ ဖျက်ဆီးမယ်။အဲဒီမှာ ကျွန်တော်တို့ waste to energy ဖြစ်တဲ့အတွက်ကြောင့် အမှိုက်ကနေ စွမ်းအင်ပြန်ရအောင် လုပ်မယ်။
လျှပ်စစ်က တစ်နာရီကို ၁၅ဒသမ၄ မဂ္ဂါဝပ်ထွက်မယ်။ အဲဒီ မီဂါဝပ်ကိုတော့ ပြည်သူတွေအ တွက် ရောင်းချပေးသွားမယ်။ 


ထိန် ပင်နောက်ဆုံး စွန့်ပစ်အမှိုက်ပုံကျ တော့ တစ်နေ့မှာ တန်၈ဝဝ မီသိန်း ဓာတ်ငွေ့ကို ထုတ်ယူလိုက်မယ်။ ပြီး တော့ Generator လည်ပြီး လျှပ် စစ်ရမယ်။ တစ်ရက်ကို ၂ဝမဂ္ဂါဝပ် ထွက်မယ်။ ဒါကိုလဲ ရန်ကုန်မြို့မှာ လိုတဲ့နေရာတွေသုံးဖို့ ပင်မဓာတ် ကို ထည့်ပေးမယ်။ အဓိကရည်မှန်း ချက်က ဓာတ်အားရောင်းစားဖို့မဟုတ် ဘူး။ အဓိကအမှိုက်လျော့ချဖို့ နည်း လမ်းရှာတာ။ အမှိုက်လုံးဝမထွက် အောင်လုပ်တာ''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ် ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာနမှ လက်ထောက်အင်ဂျင်နီ ယာချုပ် ဒေါက်တာအောင်မြင့်မော် က ပြောသည်။

အမှိုက်ကြောင့် မြေထု၊ ရေထု၊ လေထုညစ်ညမ်းမှုနည်းပါးစေရန် ၂ဝ၁၂ခုနှစ်တွင် waste to energy အမှိုက်မှ စွမ်းအင်ထုတ်လုပ်နိုင်ရန် တင်ဒါခေါ်ခဲ့ပြီး အမှိုက်များကို အမျိုး အစားခွဲခြားကာ၊ စနစ်တကျ စွန့်ပစ် ခဲ့မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။


တစ်နေ့လျှင် ရန်ကုန်မြို့မှ ထွက်ရှိသော အမှိုက်တန်ချိန်မှာ ၁၆၉ဝတန်ရှိကာ ယင်းအမှိုက်များ ထားရှိရန် နေရာအခက်အခဲများ လည်းဖြစ်ပေါ်နေရခြင်းကြောင့် ယခု ကဲ့သို့ အမှိုက်မှ စွမ်းအင်ထုတ်လုပ် နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ယင်းက ပြောသည်။


''ရန်ကုန်မြို့ကလူဦးရေ ၅ဒသမ၅ သန်းလောက်ရှိတယ်။ တစ်နေ့ကို အမှိုက်တန်ချိန် ၁၆၉ဝ တန်ထွက် တယ်။ သိမ်းနိုင်တဲ့အင်အားက တန် ၁၅၅ဝလောက် အတွက်ရှိပေမယ့် နေ့တိုင်း ဒီလိုသာဆိုရင် မြေရှားပါးမှု တွေပိုပြီးဖြစ်လာနိုင်တယ်''ဟု ယင်း ကဆိုသည်။


အဆိုပါအမှိုက်များကို သိမ်း ဆည်းရန်အတွက် နေ့စဉ် အမှိုက် သိမ်းယာဉ်အစီးပေါင်း ၃ဝဝကျော် ကို အသုံးပြုနေရကြောင်း၊ အမှိုက် ထားရှိရန်နေရာ မလုံလောက်သည့် အတွက် သုသာန်များကို ယာယီ အသုံးပြုနေရကြောင်း သိရသည်။


ယင်းအတွက်ကြောင့် အမှိုက် များမှ စွမ်းအင်ထုတ်ခြင်းအပြင် အ မှိုက်မီးရှို့စက်အသေးများကိုပါ အ သုံးပြုသွားမည်ဖြစ်သည်။


ရန်ကုန်မြို့ အမှိုက်ပုံအကြီးနှစ် နေရာရှိပြီး၊ အမှိုက်ပုံအသေး လေး နေရာရှိကြောင်း၊ ယင်းတို့မှာ ထိန် ပင်၊ ထားဝယ်ချောင်၊ လှော်ကား၊ ရွှေ ပြည်သာနှင့် ဆိပ်ကြီး၊ ခနောင်တို တို့ဖြစ်ပြီး ထိန်ပင်နှင့် ထားဝယ်ချောင် တို့တွင် အမှိုက်မှစွမ်းအင်ထုတ်လုပ် သော စနစ်ကိုအသုံးပြုပြီး လျှပ်စစ် မီးထုတ်လုပ်ရန် စီစဉ်လျက်ရှိရာ ကျန် နေရာများတွင် အမှိုက်ပုံအသေးများ ကို အသုံးပြုပြီး မီးရှို့သွားမည်ဖြစ် ကြောင်းသိရသည်။


Democracytoday , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment