Pages

Wednesday, October 8, 2014

ဂျူဗင်တပ်စ်နှင့် နာပိုလီတို့၏ အီတလီ စူပါဖလား ပွဲစဉ်ကို ကာတာ နိုင်ငံတွင် ကစားမည်

RangonNewsDaily:: October . 7 .2014
အီတလီ၊ အောက်တိုဘာ ၇။ ဂျူဗင်တပ်စ်အသင်းနှင့် နာပိုလီအသင်းတို့ ယှဉ်ပြိုင်ကစားမည့် အီတလီစူပါဖလားပြိုင်ပွဲကို ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် လာမည့် ဒီဇင်ဘာလ ၂၂ ရက်နေ့၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း စီးရီးအေဘောလုံးအဖွဲ့ချုပ်က အတည်ပြု ပြောကြားသည်။
ထိုသတင်းကို စီးရီးအေ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဘာရက်တာက ပြီးခဲ့သည့် တနင်္လာနေ့က အတည်ပြု ပြောကြားခြင်းဖြစ်သည်။ “အီတလီ စူပါဖလား ပြိုင်ပွဲကို ကာတာလို ဂုဏ်ရည်မြင့်မားတဲ့ နိုင်ငံမျိုးမှာ ကျင်းပခွင့် ရရှိခဲ့တဲ့အတွက် ကျေနပ်မိ ပါတယ်။ ဒီပွဲက စိတ်ဝင်စား ဖွယ်ရာ ကောင်းတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လာမှာပါ” ဟု ဘာရက်တာက ပြောသည်။

စီးရီးအေ စူပါဖလား ပြိုင်ပွဲသည် လက်ရှိ စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်စ်နှင့် ကိုပါအီတာလီယာ ဖလား ချန်ပီယံ နာပိုလီတို့ ယှဉ်ပြိုင်ကြ ရမည့် ပွဲစဉ် ဖြစ်သည်။


အီတလီ စူပါဖလား ပြိုင်ပွဲကို ကာတာ နိုင်ငံတွင် ကျင်းပခြင်းသည် အီတလီ ပြင်ပ နိုင်ငံများတွင် ခုနှစ်ကြိမ်မြောက် ကျင်းပသည့် ပြိုင်ပွဲ ဖြစ်လာမည် ဖြစ်သည်။ ၁၉၉၃ ခုနှစ်က အမေရိကန်နိုင်ငံ၊ ၀ါရှင်တန် ဒီစီတွင် ပထမဆုံး အကြိမ် ကျင်းပခဲ့ပြီး ၂၀၀၂ ခုနှစ်၌ လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့၊ ၂၀၀၃ ခုနှစ်တွင် နယူးဂျာစီ၊ ၂၀၀၉၊ ၂၀၁၁၊ ၂၀၁၂ ခုနှစ် များ၌ ဘေဂျင်းမြို့တွင် ကျင်းပ ပြုလုပ် ခဲ့သည်။


ဂျူဗင်တပ်စ် အသင်းသည် ပြီးခဲ့သည့် ၂ နှစ်ဆက်တိုက် အီတလီ စူပါဖလားကို ရရှိထားပြီး စုစုပေါင်း ခြောက်ကြိမ် ရရှိကာ အေစီမီလန် အသင်းနှင့် အတူ ထိပ်ဆုံးတွင် ရပ်တည်လျက် ရှိသည်။ နာပိုလီ အသင်းမှာ ထိုဖလားကို ၁၉၉၀ ခုနှစ်က တစ်ကြိမ်သာ ရရှိခဲ့ ဖူးသည်။


mizzima , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment