Pages

Wednesday, October 8, 2014

မန်ယူအသင်း၏ကိုရီးယားသံတမန်အဖြစ် ပက်ဂျီဆန်အား တရားဝင်ခန့်အပ်


RangonNewsDaily:: October . 7 .2014
မန်ယူအသင်းတာဝန်ရှိသူများ သည် အသင်း၏ကိုရီးယားသံတမန် အဖြစ် ကွင်းလယ်ကစားသမားဟောင်း ဖြစ်သူ ပက်ဂျီဆန်အား ခန့်အပ်ခဲ့ ကြောင်း အသင်းဝက်ဘ်ဆိုက်မှတစ် ဆင့် တရားဝင်သတင်းထုတ်ပြန်ခဲ့ သည်။
မန်ယူအသင်းတွင် ခုနစ်ရာ သီကြာကစားခဲ့သည့် ကိုရီးယားအ သင်းခေါင်းဆောင်ဟောင်းဖြစ်သူ ပက်ဂျီဆန်သည် အသင်း၏ဆဋ္ဌမ မြောက်သံတမန်အဖြစ် ခန့်အပ်တာ ဝန်ပေးခံခဲ့ရသူဖြစ်သည်။
အသက် ၃၃နှစ်အရွယ်ရှိ ပက် ဂျီဆန်သည် မန်ယူအသင်းနှင့်အ တူ ပရီးမီးယားလိဂ်လေးကြိမ်၊ လိဂ် ဖလားသုံးကြိမ်၊ ဥရောပချန်ပီယံ လိဂ်တစ်ကြိမ်နှင့် ဖီဖာကမ္ဘာ့ကလပ် ချန်ပီယံဆုတစ်ကြိမ်ရရှိခဲ့သူဖြစ်ပြီး ၂ဝ၁၂ခုနှစ်တွင် လန်ဒန်ကလပ် ကျူ ပီအာအသင်းထံ ပြောင်းရွှေ့ခဲ့သည်။

ယင်းမှတစ်ဆင့်အသင်းဟောင်းဖြစ် သည့် ပီအက်စ်ဗွီအသင်းထံ အငှား စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီးနောက် ပြင်းထန်သည့်ဒူးဒဏ်ရာကြောင့် ကစားသမားဘဝမှ အနားယူခဲ့သူ ဖြစ်သည်။


မန်ယူအသင်းသည် အသင်း သံတမန်များအဖြစ် ပက်ဂျီဆန်အပါ အဝင် ကစားသမားဟောင်းခြောက် ဦးအထိခန့်အပ်ခဲ့သည်။


ပက်ဂျီဆန် ၏ရှေ့တွင် မန်ယူဂန္ထဝင်ကစားသ မားများဖြစ်သည့် ဆာဘော်ဘီချာလ် တန်၊ အန်ဒီကိုးလ်၊ ဂန္ထဝင်နည်းပြ ဟောင်း ဆာအဲလက်စ်ဖာဂူဆန်၊ ဒင်းနစ်လော၊ ဘရိုင်ယန်ရော့ဘ်ဆင် တို့အား အသင်း၏သံတမန်များအ ဖြစ် ရွေးချယ်ခန့်အပ်ထားခဲ့သည်။

Yangon Media , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment