Pages

Thursday, October 9, 2014

လာမည့်ပညာသင်နှစ်တွင် လက်ရှိသူငယ်တန်း သင်ကြားမှုစနစ်ဖျက်သိမ်းမည်

RangonNewsDaily:: October . 8 .2014
လာမည့် ပညာသင်နှစ်တွင် သူငယ်တန်းများ နေရာ၌ Kindergarten-KG တန်းကို အစားထိုး သင်ကြားသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် ကလေး ၁ ဒသမ ၅ သန်းခန့်ဖြင့် စတင်သင်ကြားနိုင် ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လာမည့်၂ဝ၁၅-၁၆ ပညာသင် နှစ်တွင် မူလတန်းသင်ကျောင်း လေးသောင်းကျော်၌ KG တန်းကို အကောင်အထည် ဖော်သွားမည်ဖြစ် ရာ လက်ရှိသင်ကြားနေသည့် သူငယ် တန်းနေရာတွင် အစားထိုးသင်ကြား ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိ တွင် သူငယ်တန်း၌ သင်ကြားနေသည့် အသက် ၅ နှစ်အရွယ် ကလေးပေါင်း ၁ ဒသမ ၃၅ သန်းနှင့် ၁ ဒသမ ၄ သန်း ကြားတွင်ရှိကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက''အခုသင် မယ့် KG ကအရင်က သူငယ်တန်း နေရာကို အစားထိုးလိုက်တာ။ သူငယ် တန်းမရှိတော့ဘူး။ နဂိုရှိပြီးသား သူငယ်တန်းနေရာကို အစားထိုး လိုက်တာဖြစ်တဲ့အတွက် အဲဒီစာသင် ခန်းတွေရှိပြီးသားဆိုတော့ စာသင် ခန်းကလည်း နည်းနည်းပဲထပ်ဖြည့် ရမှာ။
::
ပြီးတော့မူလတန်းကျောင်း လေးသောင်းကျော်မှာ တစ်နှစ်တည်း နဲ့အပြီးဖွင့်နိုင်မှာမဟုတ်ဘူး။ အဲဒီ တော့ ဖြစ်နိုင်ခြေကတော့ ငါးနှစ် အတွင်းမှာ မူလတန်းကျောင်းအား လုံးမှာဖွင့်နိုင်အောင် ဆောင်ရွက်သွား ရမှာပါ''ဟု ပြောသည်။

လက်ရှိတွင် KG သင်ရိုးညွှန်း တမ်းမူကြမ်း ရေးဆွဲပြီးသွားပြီဖြစ် ကာ သင်ရိုးညွှန်းတမ်းများကို စတင် ရေးဆွဲနေပြီဖြစ်ကြောင်း၊ သင်ကြား နည်းစနစ်တွင် ကလေး၏ စိတ်ဓာတ် နှင့်ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု တို့ကို ဦးစားပေးမည့် သင်ကြားနည်း (သို့မဟုတ်) ကစားရင်းသင်ယူရ သည့် မူကြိုတန်းသင်ကြားနည်းကို အသုံးပြုသွားမည် ဖြစ်ကြောင်း၊ အဆို ပါ KG တန်းပညာရေးစနစ်အတွက် ဘတ်ဂျက် ကျပ်သန်း ၃ဝ၂၁၅ ဝန်း ကျင်သုံးစွဲရန် လျာထားကြောင်း သိရ သည်။
::
မူလတန်းသင်ကျောင်း လေး သောင်းကျော်တွင် KG တန်းများဖွင့် လှစ်မည်ဆိုပါက ဆရာ၊ ဆရာမ အင်အားလိုအပ်ချက် ခြောက်သောင်း ခန့်ရှိလာမည်ဖြစ်ပြီး လက်ရှိသူငယ် တန်း၌ သင်ကြားနေသည့်ဆရာ၊ ဆရာမများသည် မူလတန်းမှဆရာ၊ ဆရာမများကို အစားထိုးခန့်ထား ခြင်းဖြစ်ရာ ယင်းလိုအပ်သည့် ဆရာ အင်အားခြောက်သောင်းခန့်ကိုလည်း ငါးနှစ်စီမံကိန်းဖြင့် ခန့်အပ်သွား မည်ဖြစ်ကြောင်း၊ လာမည့်ပညာသင် နှစ်အတွက် KG တန်းတွင်သင်ကြား ပေးမည့်ဆရာ၊ ဆရာမများကိုနွေ ရာသီတွင် တစ်လကြာလေ့ကျင့်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

''အစတုန်းကတော့ KG တန်း နဲ့ပတ်သက်ပြီးလုပ်မယ် သတင်းကြား တာပေါ့။ အခုတော့အမျိုးသားပညာ ရေးဥပဒေကလည်း ထွက်လာပြီဆို တော့ လုပ်ဖြစ်ဖို့များပါတယ်။ ဒါပေ မဲ့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကျောင်း တွေကိုတော့ ဘာညွှန်ကြားချက်မှ မလာသေးဘူး။ သူတို့လုပ်မယ်ဆို တာတွေကို စောင့်မျှော်နေရတဲ့သ ဘောမျိုးပဲ'' ဟု ဒဂုံမြို့နယ်အခြေခံ ပညာအထက်တန်းကျောင်းမှ ဆရာ ကြီးတစ်ဦးက ပြောသည်။
::
မြန်မာတစ်နိုင်ငံလုံးတွင် မူ ကြိုအတွေ့အကြုံရရှိသူ ၂၂ ဒသမ ၉ဝ ရာခိုင်နှုန်းရှိပြီး အာဆီယံနိုင်ငံ အများစုတွင် ၅ဝ နှင့် ၆ဝရာခိုင်နှုန်း ဝန်းကျင်ရှိနေပြီဖြစ်ကြောင်း သိရ သည်။

Democracytoday ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment