Pages

Thursday, October 9, 2014

ဝေးလ်စ်တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု ဂါရတ်ဘေးလ် လေးကြိမ်မြောက် စံချိန်တင်ရရှိ


RangonNewsDaily:: October . 8 .2014
ရီးရဲလ်မက်ဒရစ်၏ တောင်ပံကစားသမား ဝေးလ်စ် လက်ရွေးစင် ဂါရတ်ဘေးလ်သည် ကစားသမားဘဝတွင် လေးကြိမ် မြောက်အဖြစ် ဝေးလ်စ်တစ်နှစ် တာ အကောင်းဆုံးဘောလုံးသ မားဆုကို ဆွတ်ခူးခဲ့သလို ပရိ သတ်များ ရွေးချယ်သည့် တစ်နှစ် တာ အကောင်းဆုံးဘောလုံးသ မားဆုကိုလည်း ရရှိခဲ့သည်။
ဘေးလ် (၂၅) နှစ်သည် ရီးရဲလ်အတွက် ခြေစွမ်းပြရင်း ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်သည့် ၂၀၁၄ တစ်နှစ်တာ အကောင်းဆုံးဆုကို ရရှိခဲ့ခြင်းဖြစ် သည်။ ၎င်းသည် ထိုဆုကို ငါးနှစ်အတွင်းလေးကြိမ်မြောက်ရခဲ့ကာ ယခင်က ထိုဆုကို သုံးကြိမ်စီရခဲ့ ဖူးသည့် မက်ဟယူးဇ်နှင့် ဂျွန်ဟတ် ဆန်တို့ကို ကျော်လွန်ကာ စံချိန် သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဘေးလ်သည် ယမန်နှစ်က ရီးရဲလ်သို့ ကမ္ဘာ့စံချိန်တင် ပြောင်း ရွှေ့ကြေး ယူရိုသန်း ၁၀၀ ဖြင့် ရောက်ခဲ့ပြီးနောက် အသင်းနှင့် လာလီဂါ ၂၇ ပွဲကစားကာ ၁၅ ဂိုးသွင်းခဲ့ပြီး ချန်ပီယံလိဂ်၊ ယူအီး အက်ဖ်အေ စူပါဖလားနှင့် ကိုပါ ဒယ်ရေးဖလားသုံးလုံး ဆွတ်ခူးနိုင် ခဲ့သည်။

‘‘ပြီးခဲ့တဲ့နှစ်ကတော့ ထူးခြား တဲ့နှစ် ဖြစ်ခဲ့ပါတယ်။ မက်ဒရစ်ကို ကျွန်တော်ရောက်လာခဲ့ပြီး ဆုဖလားတွေရခဲ့တယ်။ ကံကောင်း ခဲ့ပါတယ်’’ ဟု ပြောသည်။

ဝေးလ်ပရိသတ်များပေး သည့် တစ်နှစ်တာကောင်းဆုံးဆု ရထားသော ဘေးလ်သည် မကြာမီ ကစားမည့် ယူရို ၂၀၁၆ ခြေစစ် ပွဲ များတွင်လည်း ဘော့စနီးယား-ဟာဇီဂိုးဗီးနားနှင့် ဆိုက်ပရပ်စ်တို့ နှင့် ပွဲများ၌ ဝေးလ်စ်လက်ရွေးစင် အသင်းတွင် ပါဝင်ကစားမည်ဖြစ် သည်။

—Ref: Goal, KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment