Pages

Thursday, October 9, 2014

မင်္ဂလာဆောင်ပြီး မိနစ်ပိုင်းမှာပင် သတို့သမီးကို သတို့သားက သတ်ပစ်


RangonNewsDaily:: October . 8 .2014
အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်တွင် ကျင်းပနေသည့် မင်္ဂလာဆောင်အခမ်းအနားတွင် သတို့ သားဖြစ်သူ မေ့ဆေးဆရာဝန်ဂျော့စကော့ဆမ်ဆွန်နှင့်သတို့ သမီး သူနာပြု ဖြစ်သူ ကယ်ရီအက်ကာ တို့နှစ်ဦး စကားခွန်းကြီးခွန်း ငယ်များကြ၍ ဧည့်ပရိသတ်များ ထွက်ခွာ သွားကြပြီး မကြာမီ အချိန် ပိုင်းလေးမှာပင် သတို့သား စကော့က သတိုးသမီးကယ်ရီကို သေနတ်ဖြင့် ပစ်သတ်ကာ ကိုယ်ကိုကိုလည်း အဆုံးစီရင်သွားသည်။
မင်္ဂလာဧည့်ခံပွဲချိန်တွင် အသက်၅၄နှစ် ရှိ သတို့ သားက အသက်၅၀ရွယ် သတိုးသမီးကယ်ရီကို သူ့ ပိုင်ငွေကြေးများ မည်သည့်အခါမှ အပိုင်ရရှိမည်မဟုတ်ဟုပြော ဆိုလိုက်ရာမှာ စကားထများကြခြင်းဖြစ်သည်။

ဆမ်ဆွန်ဆေးရုံတွင်ပင်အတူတာဝန်ထမ်းဆောင်ကြသူများဖြစ်ကြသည့် ၎င်းမင်္ဂလာမောင်နှံနှစ်ဦးတို့ ၏ငြင်းခုန်စကားများခြင်းသည် သူတို့ နှစ်ဦးအိမ်ဂေဟာ သို့ မင်္ဂ လာပါတီပွဲသွားရောက်ကျင်းပသည့် အချိန်တွင် ပိုမိုပြင်းထန်လာခဲ့သည်ဟုဧည့်ပရိသတ်ကပြောသည်။


ဧည့်ခံပွဲပါတီ ကျင်းပချိန် နံနက် ၁နာရီ ၁၇မိနစ်တွင်သတို့ သား သတို့ သမီးတို့ ၏ ဒီရေမြင့်တက်လာခဲ့သည့် ရန်ပွဲကြောင့်ဧည့်ပရိသတ်များ အလျှိုလျှိုထပြန်သွားကြ သည်။


နောက်ဆုံး ထွက်သွားသည့် ဧည့်သည် ပြန်သွားပြီး သုံးမိနစ်ခန့် အကြာတွင် စကော့က ကယ်ရီကို သတ်မည် ဟုဒေါသ တကြီးကြိမ်းမောင်း လာပြီဖြစ်၍ ကယ်ရီက အရေးပေါ်၉၁၁သို့ ဖုန်းဆက်အကူအညီ တောင်းသည်။ အကူအညီ တောင်းနေစဉ်တွင်ပင်ဖုန်းပြတ်တောက်သွားခဲ့ သည်။ မိနစ်ပိုင်းအတွင်းမှာပင်ကယ်ရီ၏ဖုန်းပြန် လည်ခေါ်ဆိုမှု ရရှိရာခြောက်ခြား တုန်ရီသော အသံဖြင့်အကူအညီအ သနားခံနေ သည်ကို ကြားနေရ ချိန်မှာပင် သေနတ်သံများ ထွက်ပေါ်ပြီးဖုန်းလိုင်း လည်းပြတ် တောက် သွားတော့သည်။


ကယ်ရီဖုန်းဆက်စဉ်လိပ်စာပြောခဲ့သဖြင့် ၎င်းတို့ကြင်ယာနှစ်ဦးနေထိုင်ရာအိမ်သို တာဝန်ရှိသူများကနာရီဝက်အတွင်းေ

ရာက်ရှိသွားခဲ့သော်လည်း သတို့ သားသတိုး သမီးနှစ်ဦးစလုံးကို သေဆုံးလျက်သား တွေ့ ရှိရသည်။

စကော့က သူ့ ၏ဇနီးဖြစ်သူကို သေနတ်ဖြင့် အချက်ပေါင်းများစွာပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲကပြောသည်။ "သူက ဇနီးသည်ကယ်ရီကို ပစ်သတ်ပြီးသူကိုကို ပြန် ပစ်ကာ သတ်သေသွားတာပါ။ 


အလောင်းခွဲစိတ်မှု ဒုတိယအကြိမ်လုပ်နေတုန်းဖြစ်ပြီးမကြာခင်အတည်ပြုပေးမှာပါ"ဟု သေမှုသေခင်းအရာရှိဒေါက်တာ
စူဆန်အမို့ စ် ကပြောသည်။ ကယ်ရီ၏ရုပ်အလောင်းကို သူ့၏သားငယ်အခန်းတွင်း တွေ ရှိခြင်း ဖြစ်ပြီး စကော့အလောင်း
ကိုမှုမြေတိုက်ခန်းအတွင်းတွေ့ ရှိကြောင်း၊ သူတို့ လင်မ ယား အိမ်တွင်းရေးတွင်ပြဿနာများရှိကြောင်း ရဲအရာရှိ ကော့တွမ်
ကပြောခဲ့သည်။

Mizzima , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment