Pages

Thursday, October 9, 2014

တစ်နာရီ မိုင်ခြောက်ဆယ်နှုန်းကို 3-စက္ကန့်သာလိုတဲ့ Corvette Z06


RangonNewsDaily:: October . 8 .2014
Chevrolet ရဲ့လှပပြီး စွမ်းအားမြင့် ပြိုင်ကား 2015 မော်ဒယ်သစ် Corvette Z06 ဟာ
တစ်နာရီ မိုင်ခြောက်ဆယ် နှုန်းကို 3 စက္ကန့်ထက် မပိုတဲ့အချိန်တွင်းတင်နိုင်တယ်လို့တရား
ဝင် ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။
အမေရိကန်ရဲ့အအောင်မြင်ဆုံးသော ပြိုင်ကားမော်ဒယ် ဖြစ်သလို အစဉ်အလာအလိုက် Corvette ပြိုင်ကားမော်ဒယ်ဟာ လှပပြီး စွမ်းအားကောင်းလွန်းတဲ့ပြိုင်ကားအဖြစ် တစ်ကမ္ဘာလုံးရှိ ကားပရိတ်သတ်များ အသိအမှတ် ပြုထားပြီး ယခုလို မြင့်မားလှတဲ့စွမ်းအားထပ်မံ ပိုင်ဆိုင်ထားတဲ့အတွက် ပိုတိုးကာ အောင်မြင်လာအုန်းမှာပါ။

အတိအကျအားဖြင့်အမြန်နှုန်းမိုင်ခြောက်ဆယ်ကို2.95စက္ကန့်အတွင်းတွင်ရရှိမှာဖြစ်ပြီး အော်တိုဂီယာ
ကားမှာ ဖြစ်ပါတယ်။ မန်နူရယ်ဂီယာတွင်တော့အဲဒီအရှိနှုန်းကို ရဖို့3.2 စက္ကန့်အချိန်ပိုလိုတယ်
လို့ဆိုပါတယ်။

Corvette Z06 တွင် 6.2 လီတာ V8 အင်ဂျင်ကို တပ်ဆင်ထားပြီး မြင်းကောင်ရေအား 650 ဟော့ပါဝါ ထိ ပေးစွမ်းနိုင်ကာအမြန်ဆုံးတင်မောင်းနိုင်တဲ့နှုန်းကတစ်နာရီကိုမိုင်200 ဖြစ်ပါတယ်။ မော်ဒယ်သစ်
မြန်နှုန်းမြင့် ပြိုင်ကားရဲ့ဈေးနှုန်းက အမေရိကန် ဒေါ်လာ 78995 သတ်မှတ်ထားကြေင်း သိရပါတယ်။

Colay Automobile , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment