Pages

Wednesday, September 24, 2014

သုံးရက်အတွင်း iPhone 6 စမတ်ဖုန်း ၁၀သန်းကျော် ရောင်းချခဲ့ရ


RangonNewsDaily:: September . 24 .2014
iPhone 6 နှင့် iPhone 6 Plus စမတ်ဖုန်းများကို သုံးရက်အတွင်း အလုံးရေ ၁၀ သန်း ကျော်ခန့် ရောင်းချခဲ့ရကြောင်း Apple မှ ပြောကြားခဲ့သည်။
Apple ၏ အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်ခ်ကလည်း ထောက်ပံ့ပစ္စည်းများသာ ဆက်လက် ရရှိခဲ့ပါက iPhone 6 နှင့် 6 Plus စမတ်ဖုန်းများ ယခုထက်ပိုမိုများပြားစွာ ရောင်းချနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Apple ၏ iPhone အသစ်များသည် ကြိုတင်မှာယူမှုများ ပြုလုပ်နိုင်သော စက်တင်ဘာလ ၁၂ ရက်တွင် အမှာစာ ၄ သန်းခန့် ရရှိခဲ့ပြီးနောက် ပထမသုံးရက်အတွင်း iPhone စမတ်ဖုန်းများ ၁၀ သန်းခန့် ရောင်းချရဖွယ် ရှိကြောင်း လေ့လာဆန်းစစ်သူများက ခန့်မှန်းခဲ့ကြသည်။
::
Apple သည် iPhone 6 နှင့် iPhone 6 Plus စမတ်ဖုန်းများကို နိုင်ငံပေါင်း ၁၀ နိုင်ငံတွင် ကြိုတင်မှာယူခွင့်ပြုခဲ့ပြီး ပထမရက်အတွင်း iPhone သစ်များ ရောင်းချမှုနှုန်းသည် လွန်ခဲ့သည့် နှစ်နှစ်ခန့်က iPhone 5 ရောင်းချရမှုထက် အလုံးရေ ၂ သန်း ကျော်လွန်ခဲ့သည်။
::
Apple သည် တရုတ်အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံတွင် iPhone 5S နှင့် 5C မော်ဒယ် ၉သန်း ရောင်းချခဲ့ရသည်။ သို့သော်လည်း ယခုနောက်ဆုံးပေါ် iPhone များ၏ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာများကြောင့် ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း ဈေးကွက်ဖြစ်သော တရုတ်နိုင်ငံတွင် ရောင်းချခွင့် မရရှိခဲ့ပေ။ ထို့အတွက်ကြောင့် တရုတ်နိုင်ငံတွင် iPhone အသစ်များကို မှောင်ခိုတင်ပို့ရောင်းချမှု မြင့်မားလျက်ရှိကြောင်း သိရသည်။

Reuters ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment