Pages

Wednesday, September 24, 2014

အလှမယ်ခင်ဝေဖြိုးဟန်ကိုယ်စား အလှမယ်မေဘရဏီသော်မှ ၀င်ရောက် ယှဉ်ပြိုင်


RangonNewsDaily:: September . 24 .2014
ဂျပန်နိုင်ငံမှာပြုလုပ်မယ့် Miss International 2014ပြိုင်ပွဲ မှာ Miss Myanmar Internaitonal 2014 သရဖူဆုရှင် အလှမယ်ခင်ဝေဖြိုးဟန်က ပြိုင်ပွဲပြုလုပ်မယ့် ရက်မှာ အသက် ၁၈နှစ်မပြည့်သေးတဲ့အတွက် သူ့ရဲ့ကိုယ်စား 1st Runner Up ရရှိတဲ့ မေဘရဏီသော်က ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း Miss Myanmar Internaitonal 2013 အလှမယ် ဂုဏ်ရည်အေးကျော်က သူ့ရဲ့ဖေ့ဘုတ် မှာအခုလိုရေးသားထားတာတွေ့ရပါတယ်။
"ညီမငယ် မေဘရဏီသော် ဒီနှစ် Miss International 2014 ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖြစ်ပါမယ်။ ညီမလေးခင်ဝေဖြိုးဟန်က သွားရောက် ယှဉ်ပြိုင်ရမယ့် နောက်လ ၂၂ ရက်မှာ အသက် 18နှစ်ပြည့်ဖို့ ၂ပတ်ကျော်လိုနေသေး တာကြောင့် Miss International Org: ICL က approve မလုပ်ပဲ 1st Runner Up ကို လွှတ်ဖို့ ပြောလာလို့ပါ။ ပြိုင်ပွဲသာ ဂုဏ်ရည့်နှစ်ကလို December မှ လုပ်ဖြစ်မယ်ဆို လွတ်လွတ်ကျွတ်ကျွတ် 18နှစ်ပြည့်ပြီး သွားပြိုင်လို့ ရမှာပေါ့နော်။ 

အခုက ပြိုင်ပွဲရှေ့ကို ရွှေ့လိုက်တာရော၊ ညီမလေးက ပြိုင်ပွဲလုပ်မယ့် အချိန်မှာ 
18နှစ်ပြည့်ဖို့ ရက် ၂၀လောက်လိုနေသေးတာရောကြောင့် 1st Runner Up မေဘဏီသော်ကပဲ သွားရောက်ယှဉ်ပြိုင်ပါတော့မယ်။ Missosologyလို International Beauty Pageant website တွေရဲ့ hotpick တွေမှာ No. 1နေရာက ရွေးချယ်ခံရထားပြီး ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ ညီမလေး
ခင်ဝေဖြိုးဟန်အတွက် စိတ်မကောင်းဖြစ်ရပေမယ့် မေဘဏီသော်ကိုလည်း အားပေးကြဖို့ တောင်းဆိုချင်ပါတယ်။

MTF(Myanmar Tourism Federation) မှလည်း Press Conference လုပ်ပြီး မေဘရဏီသော်ကို စာနယ်ဇင်းမီဒီယာများနဲ့ မိတ်ဆက်ဦးမှာ ဖြစ်ပါတယ်။ နောက်လ 22 မှာ မြန်မာပြည်က ထွက်ခွာမှာဖြစ်ပြီး ဝတ်စုံများကို Designer မိုးကုတ်ပေါက်ပေါက်၊ ကိုကောင်းမြတ်၊ ကိုမျိုးမင်းစိုးတို့မှ ပံ့ပိုးသွားမှာ ဖြစ်ပါတယ်။ Body fitness အတွက် Real Fitness မှာ ကစားနေပြီး Talent Show, Catwalk, General Knowledge တွေအတွက်လည်း ပြင်ဆင်နေပြီမို့ အားပေးကြပါဦးနော်။"

Miss Myanmar Internaitonal 2014 သရဖူဆုရှင် အလှမယ်ခင်ဝေဖြိုးဟန်ကို သြဂုတ်လ ၁၇ရက်နေ့က အမျိုးသားကဇာတ်ရုံမှာ ပြိုင်ပွဲပြုလုပ်ရွေး ချယ်ခဲ့ တာဖြစ်ပါတယ်။

Popular Journal , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment