Pages

Wednesday, September 24, 2014

မန္တလေးတွင် အိမ်ပိုင်ဆိုင်မှုအခြေအနေ စစ်တမ်းကောက်ယူမည်

RangonNewsDaily:: September . 24 .2014
နိုင်ငံတော်အဆင့် အိမ် ရာစီမံကိန်းများအတွက် မန္တလေး မြို့တွင် နေထိုင်သူများ၏ အိမ်ပိုင် ဆိုင်မှုအခြေအနေစစ်တမ်းများ ကို အောက်တိုဘာလမတိုင်မီ ကောက်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မန္တလေးမြို့အတွင်းရှိ စည် ပင်နယ်နိမိတ်အတွင်းမှ ကိုယ်ပိုင် အိမ်၊ အငှားအိမ်၊ ကျူးနေရပ်များ ဖြင့် နေထိုင်နေသူ မိသားစုများ၏ အရေအတွက် အတိအကျကို သိရှိနိုင်ရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ (MCDC) နှင့် အထွေထွေအုပ်ချုပ် ရေးတာဝန်ရှိသူများ ပူးပေါင်းပြီး ကောက်ခံသွားမည်ဖြစ်သည်။
ကောက်ခံရရှိသည့် စစ်တမ်းများ ကို အောက်တိုဘာလတွင် နေ ပြည်တော်၌ ပြုလုပ်မည့် နိုင်ငံ တော်အဆင့် အိမ်ရာစီမံကိန်း ဆွေးနွေးပွဲတွင် တင်ပြသွားမည် ဖြစ်ကြောင်း MCDC မှ တွဲဖက် အတွင်းရေးမှူး ဦးသက်နိုင်ထွန်းကပြောသည်။
::
‘‘လောလောဆယ်မြို့နယ် ခြောက်မြို့နယ်ကိုပဲ ကောက်မှာ။ မန္တလေးမြို့မှာ နေတဲ့လူ ၁၂ သိန်း က ဘယ်လိုပုံစံတွေနဲ့ နေနေလဲ ဆိုတာ သိနိုင်ဖို့ စစ်တမ်းကောက် မှာ’’ ဟု ၎င်းက ပြောသည်။
အစိုးရ၀န်ထမ်းများသာမက ပုဂ္ဂလိကကုမ္ပဏီများတွင် လုပ် ကိုင်နေသော ၀န်ထမ်းများ၊ အိုးမဲ့ အိမ်မဲ့များအားလုံးအတွက် နိုင်ငံ တော်အစီအစဉ်ဖြင့် အိမ်ရာများ ချထားပေးနိုင်ရန် တိုင်းနှင့် ပြည် နယ်အားလုံးတွင် စီစဉ်နေပြီး ယင်းစီမံကိန်းအတွက် လိုအပ်မည့် ယခုစစ်တမ်းကို ကောက်ခံရန် ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင် သိန်းက ယခုလ ၂၁ ရက်တွင် ညွှန် ကြားထားကြောင်း မန္တလေး စည် ပင်အကြံပေး အဖွဲ့ခေါင်းဆောင် ဦးပိုမြင့်က ပြောသည်။
::
နိုင်ငံတော်အဆင့် အိမ်ရာ စီမံကိန်းများ တည်ဆောက်ရန် ယခု စစ်တမ်းတစ်ခုမှလွဲ၍ မန္တ လေးမြို့နှင့် သက်ဆိုင်သည့် အခြားအချက်အလက်များကို တိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက ဦးဆောင် ရယူထားပြီးဖြစ်ကြောင်း ဦးသက် နိုင်ထွန်းက ဆိုသည်။
::
လက်ရှိအချိန်တွင် မန္တလေး မြို့ရှိ ၀န်ထမ်းများ၊ အိုးအိမ်မရှိ သေးသူများအတွက် ချမ်းမြသာ စည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက် အတွင်း၌ မန္တလေးစည်ပင်မှ အကောင်အထည်ဖော်နေသော တန်ဖိုးနည်း အိမ်ရာနှင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ အ ကောင်အထည်ဖော်နေသော တန် ဖိုးမျှတအိမ်ရာတို့ တည်ဆောက် နေသည်။

7Day DAILY ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment