Pages

Wednesday, September 24, 2014

Diversity Visa (DV) 2016 အတွက် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ ကြေညာချက်ထုတ်ပြန်

RangonNewsDaily:: September . 24 .2014
အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်အတွက် အီလက်ထရွန်နစ်စနစ်ဖြင့် မဲဖောက်ပေးမည့် Diversity Visa(DV) 2016 program အတွက် လျှောက်လွှာတင်ခြင်းများပြုလုပ်ခြင်းများကို အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ပြုလုပ်နိုင်ပြီ နိုဝင်ဘာက ၃ ရက်နေ့ နောက်ဆုံးထားကာ ပြုလုပ်ရမှာဖြစ်ပါတယ်။ 
အဆိုပါက Diversity Visa (DV) 2016 လျှောက်လွှာတင်ခြင်းများကိုwww.dvlottery.state.gov တွင် ၀င်ရောက်ကာ ပြုလုပ်ရမှာဖြစ်ပါတယ်။
လျှောက်လွှာတင်ခြင်းများကို နောက်ဆုံးအပတ်အထိ မစောင့်ဆိုင်းပဲ စတင် လျှောက်လွှာတင်ခြင်းများပြုလုပ်ကြပါ ရန်နှင့် နောက်ဆုံးရက်မှ ကပ်ပြီး ပြုလုပ်ပါက ၀က်ဆိုက်ဘ် အတွက် အချိန်နောက်နှေးမှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် ဖြစ်ပါတယ်။
::
ထိုအပြင် သတ်မှတ်ရက် ဖြစ်သော နိုဝင်ဘာ ၃ ရက်နေ့ထက် နောက်ကျသော မှတ်ပုံတင် လျှောက်လွှာများကို လက်ခံစဉ်းစားခြင်း ပြုလုပ်မှာ မဟုတ်သည့်အတွက် အချိန်မှီစေရန်အတွက် ကြိုတင်ပြုလုပ်ထားသင့်ပါတယ်။
Diversity Visa (DV) 2016 အတွက် လျှောက်လွှာပြုလုပ်ခြင်းကို လူတစ်ဦးစီအတွက် တစ်စောင်စာ လျှောက်ထားခွင့်ရှိပြီး လူတစ်ဦးထက် ပိုပြီး လျှောက်ထားသော လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ ထိုကဲ့သို့ အစီအစဉ်အတွက် မည်သည့်ငွေကြေးပမာဏ တစ်စုံတစ်ရာကိုမှ ပေးသွင်းစရာမလိုပဲ အင်တာနက်မှတစ်ဆင့် လူကိုယ်တိုင်ဖြစ်စေ ၊ အခြားတစ်ဦးဦးမှ ဖြစ်စေ လျှောက်လွှာများ တင်သွင်းနိုင်ပါတယ်။
::
2016 Diversity Immigrant Visa Program နှင့် ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိလိုပါက အောက်ပါလင့်တွင်လည်း ၀င်ရောက်လေ့လာနိုင်ပါတယ်။ : http://go.usa.gov/pzTY

U.S. Embassy Rangoon ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment