Pages

Wednesday, September 24, 2014

ချယ်ရီဦးကုမ္ဗဏီက တင်သွင်းသော Alexandre Christie နာရီအလုံး ၂၅၀၀ကျော် Mobile Team က ယာယီသိမ်းဆည်း

RangonNewsDaily:: September . 24 .2014
ချယ်ရီဦးကုမ္ဗဏီ ထုတ်လုပ်သည့်နိုင်ငံ(Made-In)ရိုတ်နှိပ်ထားခြင်း မပါရှိသော Alexandre Christie တံဆိပ်နာရီးအလုံးပေါင်း ၂၅၂၈လုံးကို Mobile Team က စစ်ဆေးရေးအတွက် ယခုလ ဒုတိယပတ်က ယာယီသိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။
စုံစမ်းစစ်ဆေးမှုမှ တွေ့ရှိချက်များကို စစ်ဆေးရေးဗဟိုကော်မတီဥက္ကဌထံသို့ တင်ပြထားပြီးဖြစ်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနမှ သိရသည်။ ယင်းအပြင် သက်ဆိုင်ရာဌာနများသို့လည်း စစ်ဆေးနိုင်ရန်အတွက် တင်ပြထားပြီး ဖြစ်ကြောင်း Mobile Team မှ တာဝန်ကျအရာရှိတဦးက ပြောသည်။
::
စက်တင်ဘာ ၃ ရက်နေ့ကလည်း ချယ်ရီဦးကုမ္ဗဏီက တင်သွင်းသည့် Romanson နာရီအလုံး ၉၀၀ ကျော်ကို Mobile Team ၏ စစ်ဆေးခြင်း မပြီးဆုံးသေးခင် အကောက်ခွန်စစ်ဆေးရေးအဖွဲ့ဝင်တဦးက ထုတ်ယူခွင့်ပြုခဲ့ရာ ယင်းကိစ္စအားလည်း ပြည်ထဲရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနများက စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။

မြတ်ထွဋ်ကျော်
News Watch ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment