Pages

Wednesday, September 24, 2014

ဆင်ဆာကြောင့် "မင်းပေးတဲ့အချစ်" ဒီဗီဒီ ထွက်ရှိမည့်ရက် နောက်ဆုတ်လိုက်ရ သည်ဟု အမွန်း ပြောကြား


RangonNewsDaily:: September . 24 .2014
အဆိုတော် အမွန်း၏ "မင်းပေးတဲ့အချစ်" DVD ကာရာအိုကေ အခွေကို စက်တင်ဘာ ၂၂ရက်တွင် ထွက်ရှိရန် ပြင်ဆင် ထားသော်လည်း "မင်းအိပ်မက်ထဲက"သီချင်းသည် ဆင်ဆာငြိသွား ခြင်းကြောင့် ထွက်ရှိမည့် ရက်ကို အောက်တိုဘာ ၃ရက်သို့ ရွှေ့လိုက် ရသည်ဟု ၎င်းကမဇ္ဈိမ ကို ပြောသည်။
"အဲဒီ သီချင်းလေးက သီချင်း ဆိုနေတဲ့ အတိုင်းလေး ရိုက်ထားတာပါ။ မင်းအိပ်မက်ထဲ ဆိုတဲ့ အတိုင်း ကိုယ်စိတ်ကူးယဉ် နေတဲ့ အတိုင်းပဲ ကိုယ်စိတ်ကူး ယဉ်နေတဲ့ ပုံလေး ဆိုထားတယ်။ LA က ကမ်းခြေမှာ သီချင်း ဆိုနေတဲ့ပုံ ၊ နောက် အမွန်း တစ်ယောက်တည်း အမွန်းရဲ့ ကုတင်ပေါ်မှာ သီချင်းဆို နေတဲ့ ပုံစံလေးကို ရိုက်ထားတာ။ ကုတင်ပေါ်မှာ သီချင်း ဆိုတာ ခြေသလုံးတွေ ပေါ်နေလို့ ဆိုပြီး ဆင်ဆာ မပေးဘူး။ အခု အဲ နေရာ တွေ အားလုံးကို ဖြတ်ပြီး မျက်နှာနဲ့ အစားထိုး လိုက်ရတယ်။ အဲလိုလုပ်ပြီး ဆင်ဆာ ပြန်တင်တော့ အခု ဆင်ဆာ ကျလာပါပြီ" ဟု အဆိုတော် အမွန်းက ပြောသည်။

"မင်းအိပ်မက်ထဲ" တေးသီချင်းကို အမွန်းကိုယ်တိုင် သရုပ်ဆောင်ကာ ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ "၂၀၁၄ မှာ မြန်မာနိုင်ငံက လွတ်လပ် ပွင့်လင်း လာပြီး နိုင်ငံတကာ နဲ့ ရင်ဘောင် တန်းလာတဲ့ ကာလ မှာ အမွန်း အနေနဲ့ ကတော့ ဆင်ဆာ လုံးဝ မရှိသင့် တော့ဘူးလို့ ထင်ပါတယ်။ ကြည့်တဲ့ ပရိသတ် ကပဲ အဆုံးအဖြတ် ပေးတာမျိုး ဖြစ်သင့်ပါပြီ" ဟု ၎င်းကမြန်မာနိုင်ငံ၏ ဆင်ဆာနှင့် ပတ်သက်ပြီး ပြောသည်။

ယင်းအယ်ဘမ်ကို လော့အိန်ဂျလိစ်နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ တို့တွင် ရိုက်ကူး ထားပြီး အဆိုတော် အမွန်း နှင့်တခြား သရုပ်ဆောင် များလည်း ပါဝင် ထားသည်။

အဆိုတော် အမွန်း၏ ကိုယ်ပိုင်သံစဉ် ဖြစ်သည့်"မင်းပေးတဲ့အချစ်" အော်ဒီယိုစီဒီကို သြဂုတ် ၂၂ရက်က စတင် ဖြန့်ချိ ခဲ့ပြီ ၂၀၁၃ ခုနှစ် ဇန်နဝါရီ လက ပထမအကြိမ်ထွက်ရှိ ခဲ့သည့်"ပဲများတယ် "တစ်ကိုယ်တော် ခွေ မှ သီချင်း တချို့ကို ယင်းအယ်ဘမ်၌ ပြန်လည် ထည့်သွင်း ထားသည်။ ယင်းအယ်လဘမ်တွင် သီချင်း ၁၂ပုဒ် ပါဝင် ပြီး ဒီဗီဒီအဖြစ်ထွက်ရှိ ချိန်၌ မေတ္တာလက်ဆောင်သီချင်း တစ်ပုဒ်ကို ထည့်သွင်း ထားသည်။

"မင်းပေးတဲ့အချစ် "ဒီဗီဒီကို အောက်တိုဘာ ၃ရက်တွင် ဖြန့်ချိမည် ဖြစ်ပြီး ပရိုမိုးရှင်းလက်မှတ် ရေးထိုး ဖျော်ဖြေပွဲ ကို အောက်တိုဘာလ ၄ ရက် (စနေနေ့) ဒဂုံစင်တာ ပရိုမိုးရှင်း ဧရိယာ၌ အနပညာ မောင်နမများ နှင့်အတူ ကျင်းပ သွားမည် ဖြစ်သည်။

Mizzima , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment