Pages

Wednesday, September 24, 2014

လုံခြုံရေးအဆင့်မြှင့်ထားသည့် ကျပ်၅,၀၀၀ တန် ထွက်မည်ကြေညာပြီးနောက် ရွှေဝယ်လိုအား သုံးဆခန့်တက်............

RangonNewsDaily:: September . 24 .2014
အတုအပမပြုလုပ်နိုင်ရန် လုံခြုံရေး အဆင့်မြှင့်ထားသော ကျပ်ငါးထောင်တန်ငွေစက္ကူသစ်များကို အောက်တိုဘာ ၁ ရက်နေ့တွင် ထုတ်ပြန်မည်ဟု ကြေညာပြီးနောက် ပြည်တွင်း၌ ရွှေအရောင်း အ၀ယ်သုံးဆခန့် မြင့်တက်လာကာ အမေရိကန် ဒေါ်လာဈေးနှုန်းများလည်း မြင့်တက်လာကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
‘‘လူတွေကစုပြီးတော့ ၀ယ် ကြတော့ ဈေးက ကမ္ဘာ့ရွှေဈေး ထက်မြင့်နေတယ်’’ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း အ တွင်းရေးမှူး ဦးထုံရွှေဆိုင်ပိုင်ရှင် ဦးကျော်ဝင်းက ပြောကြားသည်။

ယခုရက်များတွင် ပြည်တွင်း ရွှေရောင်းဝယ်မှု ပမာဏ တစ် ရက်လျှင် စုစုပေါင်း ပိဿာချိန်တစ် ရာကျော်ရှိနေသည်။ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် တစ်ရက်ပိဿာ ၃၀ ၀န်းကျင်ခန့် အ ရောင်းဝယ်ဖြစ်နေကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း မှ ဦးဝင်းမြင့်က ပြောကြားသည်။ ပုံမှန်အခြေအနေတွင် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ပြည်တွင်း ဈေးကွက် ရောင်းဝယ်မှုမှာ တစ် ရက်လျှင် ပိဿာ ၃၀ မှ ၄၀ ကြားသာ ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။


ကမ္ဘာ့ရွှေဈေးသည် တစ် အောင်စလျှင် အမေရိကန်ဒေါ် လာ ၁၂၃၀ ၀န်းကျင်ရှိပြီး ပြည် တွင်းဈေးကွက်တွင် အကယ်ဒမီ အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၅၂,၈၀၀ ကျပ်ဝန်းကျင် ဈေးရှိ သည်။ ကမ္ဘာ့ရွှေဈေး ကျဆင်း နေသော်လည်း ပြည်တွင်းရွှေဈေး မှာ ၀ယ်လိုအားကြောင့် အကျနှေးနေကြောင်း ရွှေလုပ်ငန်းရှင်များက ပြောကြားသည်။
‘‘ကမ္ဘာမှာ ဒေါ်လာဈေးတက် ရင်တော့ ရွှေဈေးက ကျနေကျပဲ’’ ဟု ပြည်ပသို့ ဆန်တင်ပို့နေသော လုပ်ငန်းရှင် ဦးမျိုးသူရအေးက ဆို သည်။


အမေရိကန်ဒေါ်လာ ငွေလဲ နှုန်းတွင်လည်း စက်တင်ဘာလ ဆန်းမှစတင်ပြီး ဆက်တိုက်ဈေး တက်လာရာ စက်တင်ဘာ ၂၂ ရက်တွင် တစ်ဒေါ်လာလျှင် ၉၉၁ ကျပ် ဈေးပေါက်သည်။ အမေရိ ကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲနှုန်းသည် ဈေးမတက်မီ ၉၇၀ ကျပ် ၀န်းကျင်ဖြင့် တည်ငြိမ်ခဲ့ သည်မှာ သုံးလ၀န်းကျင်ခန့်ရှိခဲ့ပြီး မှ ယခုကဲ့သို့ ဈေးပြန်တက်ခဲ့ခြင်း ဖြစ်သည်။


‘‘ပုံမှန်ဆို ဒီချိန်ကကျရမှာ။ အခုချိန်မှာကတည်းက တက်နေ ရင်လာမယ့်နှစ် သီးနှံပေါ်ချိန်ဆို ပိုတက်နိုင်တယ်’’ဟု လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြားသည်။


အမေရိကန်ဒေါ်လာ တန်ဖိုး မြင့်တက်မှုသည် အမေရိကန်နိုင်ငံ၏ စီးပွားရေးမြင့်တက်လာမှု ကြောင့်သာဖြစ်ပြီး ပို့ကုန်လုပ်ငန်း များအတွက် အခွင့်အရေးကောင်းတစ်ခုဟု စီးပွားရေးပညာရှင်တစ် ဦးက ဆိုသည်။ သို့သော် မြန်မာ နိုင်ငံ၏ ကုန်သွယ်ရေးတွင် သွင်း ကုန်က ပို့ကုန်ထက် များနေသဖြင့် အမေရိကန်ဒေါ်လာ တန်ဖိုးမြင့် တက်မှုသည် ကုန်ဈေးနှုန်းကို မြင့် တက်စေကြောင်း စီးပွားရေးပညာ ရှင် ဦးလှမောင်က ပြောကြား သည်။


‘‘ဒေါ်လာဈေး တက်တာ လောလောဆယ် မြန်မာနိုင်ငံအတွက်လုံးဝမကောင်းဘူး’’ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။
မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး တွင် ယခုဘဏ္ဍာရေးနှစ် ငါးလတာအတွင်း ကုန်သွယ်ရေးလိုငွေမှာပွားကူးသန်း၏ စာရင်းများအရ အမေရိကန်ဒေါ်လာ ၂ဘီလီယံခွဲ နီးပါးရှိနေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေအရ ပြည်ပ သွင်းကုန်များစွာအပေါ် မှီခိုအား ထားနေရချိန်တွင် အမေရိကန် ဒေါ်လာ တန်ဖိုးမြင့်တက်မှုကြောင့် ပြည်တွင်း၌ ငွေကြေးဖောင်းပွမှု တိုးလာနိုင်ကြောင်း ဦးလှမောင်က ရှင်းပြသည်။


ထို့အပြင် အမေရိကန်ဒေါ် လာတန်ဖိုးမြင့်တက်မှုသည် သွင်း ကုန်သမားများအား ငွေတန်ဖိုးလျော့နည်းစေသဖြင့် ရေရှည်တွင် မြန်မာနိုင်ငံမှ ၀ယ်ယူနေသော ကုန်ပစ္စည်းများအပေါ်တွင်လည်း ပမာဏလျှော့ချခြင်း၊ ဈေးလျှော့ ပေးရခြင်းတို့ဖြစ်လာနိုင်ကြောင်း ဦးမျိုးသူရအေးက ဆိုသည်။


7DayNews , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment