Pages

Thursday, September 25, 2014

ကလေးများတွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားပါက အပြစ်ရှာခြင်းမပြုဘဲ မည်သည့် အတွက်ကြောင့် ဖြစ်သည်ဆိုခြင်းကိုသာ အဖြေရှာရန်လိုအပ်ဟု စိတ်ပညာပါရဂူဆို

RangonNewsDaily:: September . 25 .2014
ကလေး များတွင် ပြဿနာ တစ်စုံတစ်ရာဖြစ် ပွားပါက အပြစ်ရှာခြင်း မပြုဘဲ မည်သည့် အတွက်ကြောင့် ဖြစ် သည်ဆိုခြင်းကိုသာ အဖြေရှာရန် လိုအပ်သည်ဟု စိတ်ပညာပါရဂူ ဒေါက်တာသိန်းလွင်က အကြံပြုပြော ကြားသည်။
''မိဘတွေကတစ်ခုခုကို ပြုပြင် ပေးလိုက်ပြီဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေနောက်ပိုင်း ဖြစ်မလာ ဖို့ အရေးကြီးပါတယ်။
အဲဒီလိုထပ် ဖြစ်လာပြီဆိုရင် မိမိတို့ကလေးကို ပြုပြင်တဲ့နေရာမှာ လိုသေးတယ်။ ဒါကြောင့် ဘာပြင်ရမလဲဆိုတာကို ပြန်စဉ်းစားရမယ်'' ဟုဒေါက်တာ သိန်းလွင်ကဆိုသည်။

ယင်းသို့ပြုပြင်ပေးသည့်ကာ လတွင် ကလေး၌အကောင်းမြင်စိတ် တစ်စုံ တစ်ခုရရှိရန်လိုအပ်ကြောင်း၊ ယင်းကာလတွင် ကလေးသည် ငြို ငြင်သွားခြင်း၊ မျက်နှာမကြည်မသာ ဖြစ်သွားခြင်းစသည့် လက္ခဏာများ မဖြစ်စေဘဲ ကောင်းသည့်အမြင် တစ်ခုခုကို ရရှိသွားရန် လိုအပ်ကြောင်း နှင့် မဟုတ်ပါက မလိုလားအပ်သည့် ဘေးထွက်ဆိုးကျိုးများရရှိစေနိုင် ကြောင်းရှင်းပြ ပြောသည်။


''ကလေးတစ်ယောက်ကို ကောင်း မွန်စွာပြုပြင်ပေးနိုင် ခဲ့တယ်ဆိုရင် နောင်အနာဂတ်မှာ အဲဒီကလေးက ငါ့မိဘက ငါ့ကိုကောင်းမွန်အောင် ပြုပြင်ပေးခဲ့တာပဲဆိုတာကို အဲဒီ ကလေးက သိသွားဖို့လိုအပ်တယ်''ဟုဆိုသည်။


ကလေးအားဆုံးမရာတွင် ဖိ အားများအသုံးပြုပါက ဆုံးမရခြင်း မှာ အရာမရောက်တော့ကြောင်း၊ သို့ဖြစ်ရာ လက်ရှိ ဖြစ်ရပ်ကိုသာ အလေးထားပြီး ယခင်က ဖြစ်ခဲ့ သည့် ကိစ္စရပ်များအား ပြန်လည် အစဖော်ပြောကြားဆုံးမခြင်းများ လုံးဝမပြုလုပ်သင့်ကြောင်းသိရသည်


''အလုပ်မဖြစ်တဲ့ ပြုပြင်နည်း ဆိုရင် မသုံးပါနဲ့။ ကျွန်တော်တို့ ကလေးတွေကို ပြုပြင်တဲ့နေရာမှာ လတ်တလော ကောင်းဖို့ အရေး ကြီးသလို ရေရှည်အတွက်ပါ စဉ်း စားပြီးတော့ လုပ်ဆောင်သင့်ပါ တယ်။ လတ်တလောတစ်ခုပဲကောင်းပြီး တော့ ရေရှည်မှာမကောင်းဘူးဆိုရင် အဲဒီနည်းလမ်းကို မသုံးသင့်ပါဘူး'' ဟုယင်းကဆိုသည်။


ထို့ပြင် ကလေးများကို ရိုက် နှက်ဆုံးမခြင်းများ မလုပ်သင့် ကြောင်း၊ အပြုအမူများ ကောင်းစေ ချင်၍ ဆုံးမသည့်အခါတွင်လည်း အေးအေးဆေးဆေး နာခံမည့်အချိန် များကို ရွေးချယ် ဆုံးမသင့်ကြောင်း နှင့် ပြဿနာဖြစ်ကာမှ ဆူပူဆုံးမ ခြင်းမျိုး မပြုလုပ်သင့်ကြောင်း စိတ်ပညာပါရဂူကြီး ဒေါက်တာသိန်း လွင်ကပြောကြားခဲ့သည်။



Democracytoday , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment