Pages

Thursday, September 25, 2014

ရော့ခ်ဖဲလ်လား မိသားစုပိုင် ရေနံ လုပ်ငန်းမှ အရင်းအနှီးများကို ရောင်းချပစ်တော့မည်

RangonNewsDaily:: September . 25 .2014
ကမ္ဘာ့သမိုင်းတစ်လျှောက်တွင် အချမ်းသာဆုံးသူဋ္ဌေးတစ်ဦးဖြစ်ပြီး ရေနံဖြင့် ကြွယ်ဝ ချမ်းသာလာသော ရော့ခ်ဖဲလ်လား မိသားစု၏ အမွေ ဆက်ခံသူများသည် ရုပ်ကြွင်းလောင်စာနှင့် ပတ်သက်သော အရင်းအနှီး များကို ရောင်းချပြီး သန့်ရှင်းသော စွမ်းအင်တွင် ပြန်လည် ရင်းနှီးမြှုပ်နှံကြ မည်ဟု စက်တင်ဘာ ၂၃ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ရော့ခ်ဖဲလ်လား ညီနောင်များ ရန်ပုံငွေ အဖွဲ့သည် ပရဟိတ ဒါနရှင်များ ညွှန့်ပေါင်းအဖွဲ့ နှင့် ပူးပေါင်းရန်အတွက် ရုပ်ကြွင်းလောင်စာနှင့် ပတ် သက်သော ပိုင်ဆိုင်မှု ဒေါ်လာ ဘီလီယံ ၅၀ ကျော်ကို ရောင်းချလိုက်တော့မည်ဖြစ်သည်။
ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး မတိုင်မီ တစ်ရက်အလိုတွင် ရော့ခ်ဖဲလ်လားရန်ပုံငွေအဖွဲ့၏ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပရဟိတ ဒါနရှင်များ ညွှန့်ပေါင်းအဖွဲ့တွင် အဖွဲ့အစည်း ၁၈၀ နှင့် လူပုဂ္ဂိုလ် ၆၅၀ ခန့်ပါဝင်သည်။
ရော့ခ်ဖဲလ်လား ညီနောင်များ ရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး စတီဖင်ဟိန့်စ် က ရုပ်ကြွင်း လောင်စာ လုပ်ငန်းမှ အရင်းအနှီးများ ရုပ်သိမ်း လိုက်ခြင်း သည် ရေနံလုပ်ငန်းရှင် သူဌေးကြီးဂျွန်ဒီရော့ခ်ဖဲလ်လား၏ ဆန္ဒနှင့်အညီ ဖြစ်ပါလိမ့်မည်ဟု ပြောဆိုခဲ့သည်။


Mizzima News , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time