Pages

Thursday, September 25, 2014

ထိုင်းနိုင်ငံတောင်ပိုင်းလရောင်းမြိုတွင် မြန်မာအလုပ်သမားတစ်ဦးဓါတ်လိုက်သေဆုံး

RangonNewsDaily:: September . 25 .2014
ထိုင်းနိုင်ငံတောင်ပိုင်းလရောင်းမြို့ပန်းရံလုပ်ငန်းခွင်တစ်ခုတွင် မြန်မာအလုပ်သမားတစ်ဦး
ဓါတ်လိုက်သေဆုံးသွားခဲ့သည့်ဖြစ်စဉ်အတွက်ဇနီးဖြစ်သူက အကူညီရရှိရန်ရှာကြံလျှက်ရှိသည်။
နေပြည်တော် တပ်ကုန်မြို့နယ်၊ သံပုရာကုန်းကျေးရွာမှ အသက် ၂၈ နှစ်အရွယ် ကိုမျိုးမင်းခိုင် သည် ပန်းရံလုပ်ငန်းခွင်တွင် လုပ်ကိုင်နေစဉ် ဓါတ်လိုက်၍ စက်တင်ဘာလ ၁၅ ရက်နေ့က သေဆုံးသွားခဲ့သည်။

မျက်မြင်ဖြစ်သူ ကိုအောင်ဇော်က “လုပ်ငန်းခွင်အန္တရာယ်အတွက် ပြင်ဆင်ထားမှုမရှိလို့ အခုလို သေဆုံးခဲ့ ရတာပါ”ဟုဆိုသည်။
::
ကွယ်လွန်သူ ၏ ကျန်ရစ်သူ ဇနီး မစိုးယုမာ က “ထိုင်းကိုရောက်တာ ဧပြီလ ၂၈ ရက်နေ့ကရောက်တာပါ။ ပုဇွန်အလုပ်ရုံမလုပ်ရခင်အဆောက်အဦ ဆောက်တဲ့နေရာမှာ ၀င်လုပ်ရမယ်ဆိုတာကြောင့် ကျမယောက်ျား ၀င်လုပ်တာပါ။ အဲဒီနေ့က မိုးရွာပါတယ်။ ဓါတ်လိုက်လို့ သူအော်တာကို ထိုင်းအစောင့်ကကြားတယ်။ ဘာအော်လို့အော်မှန်းမသိဘူးတဲ့။ ငြမ်းစင်ပေါ်က လူတစ်ယောက်လုံးပြုတ်ကျလာမှ သိတယ်” ဟုပြော သည်။
::
စက်ရုံ သူဌေးက ဘတ်ငွေ ငါးသောင်းပေးထား ကြောင်း နောက်ဆက်တွဲကိစ္စရပ်များ ကိုနားမလည် သဖြင့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ အကြံဉာဏ် တောင်းခံလာခဲ့သည်။ MAT အဖွဲ့က ကူညီပေးနိုင် ရန်အတွက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေး ရှင်းFED ရှေ့နေဖြင့်ညှိနှိုင်းတိုင်ပင်လျှက် ပြင်ဆင်နေ ကြောင်းသိရှိရသည်။

shwemyanmarmediagroup ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment