Pages

Saturday, September 6, 2014

အယ်လ်ကိုင်ဒါ၏ ခြိမ်းခြောက်မှု ပြည်တွင်းနေ မွတ်စလင်များ ကန့်ကွက်

RangonNewsDaily:: September . 6 .2014
အယ်လ်ကိုင်ဒါအကြမ်း ဖက်အဖွဲ့၏ မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက်မှုလုပ်ရပ်ကို ပြည် တွင်းနေမွတ်စလင်များက ကန့် ကွက်ရှုတ်ချပြီး ပြည်ပအကြမ်း ဖက်မှုများ ကူးစက်ဝင်ရောက်မှု မရှိစေရန် လူမျိုးဘာသာမခွဲခြား ဘဲ ပြည်ထောင်စုသားအားလုံး စည်းလုံးချစ်ခင်ကြရန်လိုကြောင်း ပြည်တွင်းနေမွတ်စလင်အသိုင်း အ၀ိုင်းက တိုက်တွန်းပြောကြား သည်။
အယ်လ်ကိုင်ဒါ အပါအ၀င် မည်သည့် အကြမ်းဖက်အစွန်း ရောက်ဝါဒကိုမဆို အစ္စလာမ် ဘာသာဝင်တစ်ဦးအနေဖြင့်ရော ဥပဒေပညာရှင်နိုင်ငံသား တစ်ဦး အနေဖြင့်ပါ ကန့်ကွက်ရှုတ်ချသည့်အပြင် နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက်ဝါဒများ ပြည် တွင်းတွင် ခြေမချနိုင်ရန် စနစ်တ ကျစီမံကိန်းချမှတ်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း တရားလွှတ် တော်ရှေ့နေဦးကိုနီက ပြောကြား သည်။

‘‘အယ်လ်ကိုင်ဒါရဲ့ အကြမ်း ဖက်မယ့် ကြေညာချက်နဲ့ ပတ် သက်လို့ ပြည်တွင်းက အစ္စလာမ် အဖွဲ့အစည်းတွေအားလုံး ညီညီ ညွတ်ညွတ်နဲ့ ကန့်ကွက်ရှုတ်ချ ကြောင်း ကြေညာချက်ထုတ်ပြီး တုံ့ပြန်သင့်တယ်။ အစ္စလာမ်ဘာ သာကို အကြမ်းဖက်ဘာသာလို့ မြင်အောင် အဲဒီ အစ္စလာမ်ဘာ သာဝင်တွေကပဲ လုပ်နေတာ။ တကယ်တော့ အစ္စလာမ်ဘာသာ ရဲ့ အနှစ်သာရက ငြိမ်းချမ်းရေးပဲ။ အစွန်းရောက်တွေကြောင့် ကမ္ဘာ ပေါ်မှာရှိတဲ့ တခြားမွတ်စလင် တွေပါ အထင်လွဲခံရတယ်’’ဟု ၎င်းကပြောသည်။

အယ်လ်ကိုင်ဒါအကြမ်းဖက် အဖွဲ့ခေါင်းဆောင် အေမန် အယ်လ်ဇာဝါဟီရီက အိန္ဒိယနိုင်ငံ တွင် အကြမ်းဖက်အဖွဲ့ခွဲတစ်ခု ဖွဲ့စည်းပြီး မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် ဂျီဟတ် လှုပ်ရှားမှုများ ပြုလုပ်မည်ဖြစ် ကြောင်း စက်တင်ဘာ ၃ ရက် က ရုပ်သံဖိုင်တစ်ခုထုတ်လွှင့်ပြီး ကြေညာခဲ့ခြင်းဖြစ်သည်။

အစွန်းရောက်ဝါဒများ ပြည် တွင်း၌ ခြေမချနိုင်အောင် အစိုးရက ကိုင်တွယ်ရာတွင် မျှတရန် လိုအပ်ပြီး အကိုင်အတွယ် မမျှတပါက အစွန်းရောက်ဘက်ကို ရောက်သွားရန် အားပေးသလို ဖြစ်သွားနိုင်သည်ကို စိုးရိမ် ကြောင်း ၎င်းကအကြံပြုသည်။

ပြည်တွင်းနေ မွတ်စလင် များအားလုံး မည်သည့်အကြမ်း ဖက်မှုကိုမှ လက်ခံထားခြင်းမရှိဘဲ အကြမ်းဖက်မှု မှန်သမျှကို ကန့် ကွက်ရှုတ်ချဆန့်ကျင်ကြောင်းနှင့်ပြည်ထောင်စုသားအားလုံး စိတ် ၀မ်းမကွဲဘဲ စည်းလုံးချစ်ခင်လက် တွဲကာကွယ်ပါက ပြည်ပက အ ကြမ်းဖက်မှုမျိုးကူးစက်ဝင်ရောက် နိုင်စရာမရှိကြောင်း မွတ်စလင် များ ပြည်လုံးကျွတ်ညီလာခံဖြစ် မြောက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးအုန်းမောင်ကလည်း BBC သတင်းဌာနအား ပြောကြားထား သည်။

‘‘သေချာတာကတော့ ဘာ သာရေးကို အသုံးချပြီး အကြမ်း ဖက်ဝါဒလုပ်နေတဲ့ အစွန်းရောက် အဖွဲ့အစည်းဆိုရင် ဘယ်အဖွဲ့ အစည်းကိုမဆို ကျွန်တော်တို့ ကန့်ကွက်ရှုတ်ချပါတယ်။ အကြမ်းဖက် မွတ်စလင်ဝါဒ အုပ်စုတွေကို လည်း လက်မခံပါဘူး’’ ဟု တက္က သိုလ်ကျောင်းသားသမဂ္ဂမှ ကို စည်သူမောင်ကပြောကြားသည်။

အယ်လ်ကိုင်ဒါ၏ ခြိမ်း ခြောက်မှုကြောင့် အိန္ဒိယနိုင်ငံ တွင် လုံခြုံရေးအစီအမံများတိုး မြှင့်လိုက်ပြီး မြန်မာနိုင်ငံကလည်း လိုအပ်သည့် ထောက်လှမ်းရေး သတင်းစုဆောင်းရေးများ လုပ် ဆောင်နေပြီဖြစ်ကြောင်း သမ္မတ ရုံးက ကြေညာချက်ထုတ်ပြန်ထား သည်။

7Day Daily , 
KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment