Pages

Saturday, September 6, 2014

အင်တာနက်အသုံးပြု လျှပ်စစ်မီတာခပေးဆောင်ခြင်း ရန်ကုန်မြို့ရှိ မြို့နယ်ငါးခုအတွက် စတင်ဆောင်ရွက်နိုင်ပြီ

RangonNewsDaily:: September . 6 .2014
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရတနာပုံ တယ်လီပို့၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များ ပူးပေါင်း၍ အင်တာနက် အသုံးပြု လျှပ်စစ်မီတာခပေးဆောင်သည့် စနစ် (Online Electricity Billing System) ကို စက်တင်ဘာလမှ စတင်၍ ရန်ကုန်မြို့ရှိ မြို့နယ်ငါးခုတွင် Ypay(Online Payment Gateway) ၏ ebilling. ypay. com.mm ဝက်ဘ်ဆိုက်အသုံးပြုကာ လစဉ်ပေးဆောင်နိုင် ပြီဖြစ်ကြောင်း သိရသည်။
အင်တာနက်အသုံးပြု လျှပ်စစ်မီတာခပေး ဆောင်ခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ကမာရွတ်နှင့် လှိုင်မြို့နယ်တို့အတွက် စတင်ပေးဆောင်နိုင်ပြီ ဖြစ်သည်။

ထို့ပြင် နေပြည်တော်တွင် ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိ၊ ဥတ္တသီရိနှင့် ဒက္ခိဏသီရိမြို့ တို့အတွက် ဆောင်ရွက်နိုင်ပြီး မန္တလေးတိုင်း ဒေသကြီးတွင် ချမ်းအေးသာစံ၊ အောင်မြေသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ အမရပူရနှင့် ပြည်ကြီးတံခွန်မြို့နယ်တို့အတွက် ဆောင်ရွက် နိုင်ကြောင်းသိရသည်။

''ဒီနှစ် သြဂုတ်လမှာ သုံးခဲ့တဲ့ လျှပ်စစ်မီတာ ယူနစ်ကို စက်တင်ဘာ ၁ ရက်ကနေ ၅ ရက် အတွင်းဖတ်ပြီး စက်တင်ဘာ ၁၁ ရက်၊၁၂ ရက် လောက်ဆိုရင်ကျသင့်တဲ့ မီတာခအတွက် စတင် ပေးချေလို့ရပါပြီ။ ရန်ကုန်တိုင်းဒေသကြီးရဲ့ မြို့နယ်ငါးခုမှာရှိတဲ့ လျှပ်စစ်မီတာအသုံးပြုမှု အတွက် ဆောင်ရွက်တာဖြစ်ပြီး တိုးချဲ့ဆောင် ရွက်သွားဖို့လည်း အစီစဉ်ရှိပါတယ်''ဟု ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးထွန်းထွန်းဆွေက ပြောကြားသည်။


အင်တာနက်အသုံးပြုငွေပေးချေခြင်းစနစ် (Online Payment System)သည် ၂၄ နာရီ ဝန်ဆောင်မှုစနစ် ဖြစ်သောကြောင့် နှစ်သက်ရာ အချိန်တွင် ဆောင်ရွက်နိုင်ခြင်း၊ ငွေပေးချေလိုသူသည် အခွန်ပေးဆောင်ရမည့် မြို့တွင်ရှိနေရန် မလိုသောကြောင့် မည်သည့်နေရာတွင်မဆို ဆောင်ရွက်နိုင်ခြင်း၊ အချိန်ကုန်သက်သာခြင်း နှင့် ကုန်ကျစရိတ်သက်သာခြင်း၊ အင်တာနက် အသုံးပြုရန် အခက်အခဲရှိသူများအနေဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးတို့ရှိ အင်တာနက်ဝင်ကြေးဝန်ဆောင်မှု ဆောင်ရွက် နိုင်ရန်ချိတ်ဆက်ထားသော ဘဏ်များသို့ Auto Pay ညွှန်ကြားထားနိုင်ခြင်း စသည့်အားသာချက်များ ရရှိနိုင်သည်ဖြစ်သည်။


အဆိုပါ ငွေပေးချေမှုကို့ စပေ နှင့် ချိတ်ဆက်ထားသော ဘဏ်များဖြစ်သည့် မြန်မာ့ စီးပွားရေးဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမဘဏ်၊ ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ မြန်မာနိုင်ငံ သားများဘဏ် စသည့် ဘဏ်များနှင့် ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။ ebilling.ypay.com.mm ဝက်ဘ် ဆိုက်မှတစ်ဆင့် ငွေပေးဆောင်ရန် အဆိုပါဘဏ်များတွင် ငွေစာရင်း (Online Payment Account) ဖွင့်ထားရန် လိုအပ်ပြီး ငွေကျပ် ၁ဝဝဝဝ ဖြင့် စတင်ဖွင့်လှစ်ကာ မီတာခကျသင့်ငွေ ပျမ်းမျှပမာဏ ကြိုတင်ပေးသွင်းထားရမည်ဖြစ်သည်။


အင်တာနက်အသုံးပြု လျှပ်စစ်မီတာခပေးချေမှုအတွက် မီတာတစ်လုံးလျှင် တစ်ကြိမ်ငွေပေးချေခြင်း ဝန်ဆောင်ခ ငွေကျပ် ၅ဝဝ ကျသင့်မည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုး ရေးဘဏ်မှသိရသည်။

The Mirror Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment