Pages

Saturday, September 6, 2014

ရွှေ ဝယ်ယူ သူများ စက်ထည်ထက် လက်ထည်ကို ဦးစားပေး ဝယ်ယူ

RangonNewsDaily:: September . 6 .2014
ပြည်တွင်း ရွှေဈေးကွက်အတွင်း ရောင်းချနေသည့် ရွှေထည်များတွင် လက်ထည်နှင့်စက်ထည် နှစ်မျိုးခွဲခြားထားပြီး ရောင်းချသည့်အခါတွင် အလျော့တွက်နှင့် လက်ခ ဈေးနှုန်းများမှာ အနည်းငယ်ကွာခြားသည့်အတွက်
ဝယ်ယူသူများအနေဖြင့် လက်ရှိကာလများတွင် လက်ထည်ကိုသာ ဦးစားပေး ဝယ်ယူကြောင်း ပြည်တွင်း ရွှေဈေး ကွက်အတွင်းမှ သိရသည်။
ဈေးကွက်အတွင်း စက်ထည်များ ပေါ်ပေါက်လာသည့် အချိန်တွင် လက်ထည် လုပ်ကိုင်သူများမှာ အလုပ်အကိုင် အခက်အခဲ များ ဖြစ်ပေါ်ခဲ့ရ သော်လည်း ယမန်နှစ်မှစတင်ကာ စက်ထည်များကို လူကြိုက်နည်းသွားခဲ့ပြီး လက်ထည်များကိုသာ ပြန်လည် စိတ်ဝင်စားလာကြောင်း သိရသည်။

''စက်ထည်နဲ့လက်ထည် ကွာခြားသွားတာက စက်ထည်ကတော့ လှပသပ်ရပ်တယ်။ ဒါပေမဲ့ လက်ထည်တွေက စက်ထည်တွေထက် အလျော့တွက် သက်သာတယ်။ ဒါကြောင့်လည်း အခုနောက်ပိုင်းမှာ စက်ထည်တွေကို ဝယ်ယူတဲ့သူ နည်းလာပြီးတော့ လက်ထည် ကို ဝယ်ယူတဲ့လူတွေ များလာကြတာပါ'' ဟု ဒေါပုံမြို့နယ်၌ ပန်းထိမ် ဖိုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။ 


ယခုနောက်ပိုင်း ကာလများ၌ အထည်များ ဈေးနှုန်း ကျဆင်းလာချိန်တွင် ရွှေဝယ်ယူသူများက အခေါက်ရွှေများ ဝယ်ယူစုဆောင်းကြပြီး ဈေးနှုန်းပြန် လည် မြင့်တက်လာပါက ထုတ်ရောင်းကာ အရောင်းဆိုင်များ အနေဖြင့်လည်း လက်ရှိဈေးနှုန်း ကျဆင်းနေချိန်တွင် လက်ထည်များ ကို ဦးစားပေး ပြုလုပ်ထားကြပြီး ဈေးနှုန်းပြန်လည် မြင့်တက်ချိန်တွင် အထည်များကို ပြန်လည် ရောင်းချကြောင်း သိရသည်။

မြ၀တီ , 
KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment