Pages

Saturday, September 6, 2014

တိုယိုတာမဲခေါင်ဖလားအကြိုဗိုလ်လုပွဲတွင် မြန်မာကလပ်နှင့် လာအိုကလပ်တွေ့ဆုံ

RangonNewsDaily:: September . 6 .2014
၂၀၁၄ ခုနှစ် တိုယိုတာ မဲခေါင်ဖလားကလပ်အသင်းများ ဘောလုံးပြိုင်ပွဲအကြိုဗိုလ်လုပွဲ တွင် မြန်မာကလပ်အသင်းမှာ လာအိုကလပ်အသင်းနှင့် ထိပ် တိုက်တွေ့ဆုံလျက်ရှိကြောင်း သတင်းရရှိသည်။
အဆိုပါပြိုင်ပွဲသို့ မြန်မာနေ ရှင်နယ်လိဂ်မှ ၂၀၁၄ ခုနှစ် အူရီး ဒူးရှုံးထွက်ဖလားချန်ပီယံအသင်း ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်သည်။အူရီးဒူးရှုံးထွက်ဖလား ဗိုလ်လုပွဲကို အောက်တိုဘာ ၂၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ဧရာဝတီနှင့် နေပြည်တော်အ သင်းတို့ ထိပ်တိုက်တွေ့ဆုံလျက် ရှိကာ ချန်ပီယံအသင်းမှာ ယင်း ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။

တိုယိုတာမဲခေါင်ဖလားပြိုင် ပွဲကို ထိုင်းနိုင်ငံမှလွဲ၍ မဲခေါင် ဒေသနိုင်ငံများဖြစ်သည့် မြန်မာ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီး ယားလေးနိုင်ငံမှ ကလပ်အသင်း လေးသင်း ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။ ပြိုင်ပွဲကို ဖိလစ် ပိုင်ငြိမ်းချမ်းရေးဖလားပြိုင်ပွဲပုံစံ အတိုင်း ဆီမီးဖိုင်နယ်အဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး ကမ္ဘော ဒီးယားကလပ်ဖနွမ်းပင်ခရောင်း နှင့် ဗီယက်နမ်ကလပ် ဘင်ဒေါင်း၊ လာအိုကလပ် Hoang Anh Attapect နှင့် မြန်မာကလပ်တို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

‘‘အူရီးဒူးဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ရင် တိုယိုတာမဲခေါင်ဒေ သပြိုင်ပွဲကို ၀င်ရောက်နိုင်မှာ ဖြစ် တဲ့အတွက် အူရီးဒူးဖလားပြိုင်ပွဲမှာ ဗိုလ်စွဲအောင် ကြိုးစားသွားမယ်။ ဒီနှစ်ရာသီမှာ ဖလားတစ် လုံးရအောင်ယူသွားမယ်လို့ မျှော်မှန်း ထားတယ်’’ဟု နေပြည်တော် အသင်းအုပ်ချုပ်သူ ဦးဇော်ဝင်းက ပြောသည်။

အဆိုပါပြိုင်ပွဲတွင် ဆီမီးဖိုင် နယ်၌ အနိုင်ရရှိသည့် နှစ်သင်း မှာ ဗိုလ်လုပွဲ၊ ရှုံးနိမ့်သော နှစ်သင်းမှာ တတိယနေရာလုပွဲအဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံတွင် အောက်တိုဘာ ၃၁ ရက်နှင့် နိုဝင်ဘာ ၂ ရက်တို့တွင် ကျင်းပသွားမည်ဖြစ် သည်။ ယင်းပြိုင်ပွဲကို ဆုကြေးအဖြစ် ဗိုလ်စွဲမည့် အသင်းအား အမေရိကန်ဒေါ်လာ ၇၅,၀၀၀၊ ဒုတိယ အသင်းအားအမေရိကန်ဒေါ်လာ ၅၀,၀၀၀ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment