Pages

Saturday, September 6, 2014

အာဏာချုပ်ကိုင်ထားသူများ တိုင်းပြည်အတွက် စွန့်လွှတ်ရန်စဉ်းစားသင့်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


RangonNewsDaily:: September . 6 .2014
မြန်မာနိုင်ငံအသွင်ကူး ပြောင်းရေးကာလအောင်မြင်ရေး ၏ အကြီးမားဆုံးစိန်ခေါ်မှုသည် အာဏာနှင့် ၀ါဒစွဲများကို ချုပ် ကိုင်ထားသူများ တိုင်းပြည်အ တွက် စွန့်လွှတ်မှုပြုလုပ်ရန် စဉ်း စားဖို့ လိုအပ်ခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်သည်။
‘‘အာဏာကို ချုပ်ကိုင်ထား တဲ့ သူတွေရော၊ သဘောတရား ကို ချုပ်ကိုင်ထားတဲ့ သူတွေရော၊ ၀ါဒစွဲတွေကို ချုပ်ကိုင်ထားတဲ့ သူတွေရော အားလုံးဟာ ငါတို့ ဘာပေးနိုင်မလဲ၊ ငါတို့ဘာစွန့် လွှတ်နိုင်မလဲဆိုတာ စဉ်းစားဖို့ လိုပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်က အသွင်ကူးပြောင်းရေး ကာလ၏ အရေးကြီးဆုံးစိန်ခေါ်မှုနှင့် ပတ်သက်၍ ပြောသည်။

စက်တင်ဘာ ၅ ရက်တွင် ရန်ကုန် မြို့ရှိ မီကာဆာဟိုတယ်၌ ပြုလုပ်သော BAYDA Institute နှင့် ဂျာမနီ အဖွဲ့အစည်းတစ်ခုဖြစ်သော Konrad-Adennauer- Stiftungပူးပေါင်းစီစဉ်သည့် အလုပ်ရုံဆွေး နွေးပွဲတွင် ဒေါ်အောင်ဆန်းစု ကြည်က အဖွင့်အမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင်အသွင်ကူးပြောင်း ရေးကာလ အောင်မြင်ရေးအ တွက် ပြည်သူတစ်ဦးချင်း၏ စိတ် နေစိတ်ထားများပါ ပြောင်းလဲရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်သူ များအနေဖြင့် အသွင်ကူးပြောင်း ရေးတွင် စိတ်ပါဝင်စားမှုသည် လည်း အရေးကြီးသည့် စိန်ခေါ်မှု တစ်ရပ်လည်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက် လက်ပြောကြားခဲ့သည်။

‘‘သူပြောချင်တာကတော့ နိုင်ငံရဲ့ ပြောင်းလဲရေးကို အောင် မြင်အောင်လုပ်မယ်ဆိုရင် ထိပ် ပိုင်းခေါင်းဆောင်တွေက ကိုယ် ကျိုးစွန့်ဖို့ လိုတယ်ဆိုတာကို ထောက်ပြသွားတာပါ။ နောက် ပြည်သူတွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြောင်းလဲအောင် တစ်ဦး ချင်း ဆောင်ရွက်ရမယ်လို့ပြော တာ’’ဟု ယင်းအလုပ်ရုံဆွေးနွေးပွဲ သို့ တက်ရောက်ခဲ့သည့် မွန်ဒီမို ကရေစီပါတီမှ ဗဟိုအလုပ်အမှု ဆောင်နိုင်ကျော်ဝင်းကဆိုသည်။ 


အသွင်ကူးပြောင်းရေးတွင် အရေး ပါသည့်အချက်များမှာ တရား ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်း ချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပ ဒေပြုပြင်ပြောင်းလဲရေးတို့သည် လည်းအရေးပါသည်ဟု ဒေါ် အောင်ဆန်းစုကြည်က အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်လာသူများအား ပြောသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် များ၊ ညီညွတ်သော တိုင်းရင်း သားလူမျိုးများ မဟာမိတ်အဖွဲ့ ၀င်(UNA) နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်း သားနိုင်ငံရေးပါတီအချို့မှ ခေါင်း ဆောင်များလည်း တက်ရောက်ခဲ့ ကြသည်။ ၂၀၁၅ ခုနှစ် အထွေ ထွေရွေးကောက်ပွဲတွင် ကြုံတွေ့ နိုင်သည့် အခြေအနေများကို လည်း စက်တင်ဘာ ၆ ရက်တွင် ထပ်မံကျင်းပမည့် အလုပ်ရုံဆွေး နွေးပွဲ၌ ထည့်သွင်းဆွေးနွေးရန် ရှိသည်။

မီကာဆာဟိုတယ်တွင် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် စကားပြောနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ− NLD)


7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment