Pages

Saturday, September 6, 2014

ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသို့လာမည်

RangonNewsDaily:: September . 6 .2014
ကုလသမဂ္ဂလက် ထောက်အတွင်းရေးမှူးချုပ်၏ ပထမဆုံးအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်ကို စက်တင်ဘာ ၆ ရက်တွင် စတင်မည်ဖြစ်ပြီး ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အပါအ၀င် အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံဆွေး နွေးသွားမည်ဖြစ်ကြောင်း ကုလ က သတင်းထုတ်ပြန်သည်။
ခရီးစဉ်အတွင်း လက် ထောက် အတွင်းရေးမှူးချုပ် မစ္စတာ Haoliang Xu သည် UMOCHA ၏ ပေါင်းစပ်ညှိနှိုင်း ရေးဒါရိုက်တာ John Ging လိုက် ပါ၍ နေပြည်တော်၌ အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံသွားမည်ဖြစ်သည်။ ထို့နောက် စက်တင်ဘာ ၉ ရက်တွင် ရခိုင် ပြည်နယ်သို့ သွားရောက်၍ ၀န် ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် တွေ့ဆုံကာ စစ်တွေနှင့် ပေါက်တောမြို့နယ်များရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်မည်ဖြစ်သည်။

မစ္စတာ XU ၏ ခရီးစဉ်သည် အစိုးရအဖွဲ့အဆင့်မြင့်အရာရှိ များနှင့် ပြန်လည်ထူထောင်ရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အဓိကကျသည့် အချက်များကို ဆွေးနွေးနိုင်ရန် အထောက်အကူ ပြုမည်ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ လူ သားချင်းစာနာမှုဆိုင်ရာ လုပ်ငန်း များအတွက်လည်း ကုလ၏ ပါဝင်ဆောင်ရွက်မှုကို လေ့လာသုံးသပ် နိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment