Pages

Thursday, August 21, 2014

အင်တာနက်ကြောင့် MPU စက် အလုံးတစ်ထောင်ဝန်းကျင် ရပ်ထားရ


RangonNewsDaily:: August . 21 .2014
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ အင်တာနက်ကွန်ရက်နဲ့ ချိတ်ဆက်ထားတဲ့ MPU ကတ် ငွေပေးချေစက် အလုံး တစ်ထောင်ဝန်းကျင်ဟာ အင်တာနက် မရတာကြောင့် အသုံးမပြုနိုင် ဖြစ်နေတယ်လို့ Myanmar Payment Union (MPU) အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ဆိုပါတယ်။ 
MPU ကတ်တွေနဲ့ ငွေပေးချေနိုင်မယ့် စက် (Point of Sales) တွေကို လတ်တလောမှာ အလုံး သုံးထောင်ကျော် တပ်ဆင်ထားပြီး အဲဒီစက်တွေကို ပြည်တွင်းမိုဘိုင်းလ် အော်ပရေတာတွေရဲ့ အင်တာနက် ကွန်ရက်တွေနဲ့ ချိတ်ထားပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ချိတ်ဆက်ထားတဲ့ POS အလုံး တစ်ထောင်ဝန်းကျင်ဟာ သြဂုတ်လဆန်းက စပြီး စတင်ရပ်ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ 

“MPT (မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း) နဲ့ချိတ်ထားတာမှာ IP နှစ်ခုနဲ့ ချိတ်ထားတာကို တစ်ခုက လက်မခံတော့ဘူး။ အဲဒါကြောင့်မို့ ရပ်သွားတာပါ။ ပုံစံပြောင်း လျှောက်ရမယ်ဆိုလို့ အခု ပြန်ပြောင်းလျှောက်ထားတာ တစ်ပတ်လောက်ရှိပြီ” လို့ ဦးဇော်လင်းထွဋ်က ရှင်းပြပါတယ်။ 

ခုလို အင်တာနက်ချိတ်ဆက်မှုကို ပြည်တွင်း မိုဘိုင်းလ်အော်ပရေတာ တွေဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံ တယ်လီပို့နဲ့ Red Link ကုမ္ပဏီတို့နဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး Point of Sales စက်အလုံး ၃၀၀၀ ကျော်ကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ တပ်ဆင်ထားတယ်လို့ MPU အဖွဲ့ဆီကနေ သိရပါတယ်။

The Voice , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment