Pages

Thursday, August 21, 2014

အမြန်လမ်းအရေးပေါ်ဖုန်းသို့ တစ်လအတွင်းခေါ်ဆိုအကူအညီတောင်းခံမှု ၁,၆၀၀ ကျော်ရှိ

RangonNewsDaily:: August . 21 .2014
မန္တလေးအမြန်လမ်း အ ရေးပေါ်ဖုန်းသို့ ရက်ပေါင်း ၂၀ကျော်အတွင်း ဖုန်းခေါ်ဆိုအကူအညီတောင်းခံမှု ၁၆၀၀ကျော်ရှိကြောင်းအရေးပေါ်ဖုန်းခေါ်ဆိုမှု ၀န်ဆောင်မှုဌာနမှ အထွေထွေမန်နေဂျာ ဦးတင်ကိုကိုဝင်းက ပြောသည်။
ဇူလိုင် ၂၈ ရက်မှစ၍ အမြန်လမ်းတစ်လျှောက် ယာဉ်မတော်တဆမှုများဖြစ်ပွားပါက အခင်းဖြစ်ပွားရာနေရာသို့ ငါးမိနစ်အတွင်း အရေးပေါ်ကယ်ဆယ်နိုင်ရန် အရေးပေါ်ဖုန်းခေါ် ဆိုမှုအစီအစဉ်စတင်ခဲ့သည်။ 

ထို့နောက်အရေးပေါ်ဖုန်းနံပါတ် ၁၈၈၀ သို့ နှစ်ပတ်ကျော်အတွင်း ခေါ်ဆိုကြိမ် ၁၆၀၀ကျော်ရှိသည့် အနက် ယာဉ်မတော်တဆမှုဖြစ်ပွား၍ ခေါ်ဆိုသည့်အကြိမ်ရေ ၆၀ ကျော်ရှိကြောင်း သတင်းရရှိသည်။
‘‘အခုတော့ ကားအက်ဆီးဒင့် ဖြစ်ရင်လည်း ခေါ်တယ်။ ကား ပျက်ရင်လည်း ခေါ်တယ်။ ဒါပေမဲ့ဒီကြားထဲ ကြီးကြီးမားမား မဖြစ်ပါဘူး။ ဖြစ်ရင် အနီးဆုံးအမြန်လမ်းရဲတပ်ဖွဲ့နဲ့ချိတ်ပေးတယ်’’ဟု ဦးတင်ကိုကိုဝင်းကပြောသည်။

‘‘အရင်ထက်စာရင် သတင်းအချက်အလက်တွေရတာ မြန် လာတာပေါ့။ သူတို့က သတင်းရ တာနဲ့ သက်ဆိုင်ရာစခန်းကို သ တင်းပို့တာ အရင်ထက်စာရင် ချက်ချင်းကူညီနိုင်တာပေါ့။ ယာဉ် တိုက်မှုတွေနည်းနည်းတော့ လျော့သွားပါတယ်’’ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါအရေးပေါ်ဖုန်းခေါ် ဆိုဝန်ဆောင်မှုကို အမြန်လမ်းနှင့် သက်ဆိုင်သည့် အစိုးရဌာနများ နှင့် ပြင်ပကုမ္ပဏီနှစ်ခုဖြစ်သည့် Blue Ocean Operation Man-agement ကုမ္ပဏီနှင့် Forever Group တို့ ပူးပေါင်းလုပ်ဆောင် ခြင်းဖြစ်သည်။

မိုင်ပေါင်း ၃၆၆ ဒသမ ၃ မိုင် ရှည်လျားသည့် ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်ရဲတပ်ဖွဲ့ မှူးရုံး ၁၅ ခုနှင့် ရဲကင်းစခန်း ၄၀ ရှိကာ အမြန်လမ်းအင်ဂျင်နီယာ ဌာန ၂၅ ခုရှိသည်။ ထို့အပြင် ယခင်က အသုံးပြုရန် သတ်မှတ် ထားသည့် အရေးပေါ်ကြိုးဖုန်းနှင့် မိုဘိုင်းဖုန်းများကိုလည်း အသုံးပြု နိုင်ကြောင်း သတင်းရရှိသည်။

နိုင်ငံတကာအဆင့်မီအမြန် လမ်းများတွင် အသုံးပြုသည့် စနစ်များဖြစ်သည့် အမြန်လမ်း တစ်လျှောက်စီစီတီဗီကင်မရာ များတပ်ဆင်ခြင်းနှင့် ခရီးသည် တင်ကားများ၏ တည်နေရာကို ပြသည့်(GPS) စနစ်ကို လက်ရှိ အချိန်တွင် အကောင်အထည်မ ဖော်နိုင်သေးဘဲ မကြာမီ စတင် နိုင်ရန် အစီအစဉ်များ ရေးဆွဲနေ ကြောင်း အမြန်လမ်း ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း(နေ ပြည်တော်)က ဆိုသည်။

‘‘ကားအက်ဆီးဒင့်ဖြစ်တာ မျိုး၊ ခဲနဲ့ အပေါက်ခံတာမျိုးနဲ့ ကားပျက်တာမျိုးတွေပါမယ်။ ခရီးသည်တွေ ပြဿနာတစ်စုံတစ်ရာ ကြုံလာရပြီဆိုရင် အရေးပေါ်ဖုန်းနံပါတ်ကိုခေါ်ပြီး အခင်းဖြစ်တဲ့ နေရာကို ငါးမိနစ်အတွင်း ကူညီ ကယ်ဆယ်ရေးလုပ်နိုင်ဖို့ ပထမဆုံးအကောင်အထည်ဖော်တာပါ’’ဟု အမြန်လမ်း ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း အင်ဂျင်နီယာမှူး ဦးကြည်ဇော်မြင့်ကပြောသည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment