Pages

Thursday, August 21, 2014

နိုင်ကျဉ်းသတ်မှတ်ရန် အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါ်ထွက်

နိုင်ကျဉ်းအဓိပ္ပာယ်သတ်မှတ်ရန် ဆွေးနွေးနေကြစဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)
RangonNewsDaily:: August . 21 .2014
နိုင်ငံရေးအကျဉ်းသားစံနှုန်းသတ်မှတ်နိုင်ရန် အချက်နှစ်ချက်ပါဝင်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုချက် အလုပ်ရုံဆွေးနွေးပွဲက သတ်မှတ် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။
ပြည်တွင်းပြည်ပမှ နိုင်ငံရေး အကျဉ်းသားအခွင့်အရေးလှုပ် ရှားသူများ၊ ဥပဒေပညာရှင်များ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံရေး အကျဉ်းသားများစသည့် အဖွဲ့အ စည်းအသီးသီးမှ ကိုယ်စားလှယ် ၇၀ ကျော်က ရန်ကုန်မြို့ သင်္ဃန်း ကျွန်းမြို့နယ် ဓမ္မပီယရိပ်သာတွင် သြဂုတ် ၁၇ ရက်မှစတင်၍ နှစ်ရက်ကြာ ကျင်းပခဲ့သည့် အလုပ် ရုံဆွေးနွေးပွဲအပြီး၌ အဆိုပါ နိုင်ငံ ရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆို ချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယခုသတ်မှတ်လိုက်သည့် နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ် သတ်မှတ်ချက်တွင် မည်သူမဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ် စေ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေး နှင့် တိုင်းရင်းသားအားလုံးပါဝင် သည့် နိုင်ငံသားအခွင့်အရေးတို့ အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လှုပ်ရှားဆောင် ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူး ပေါင်းကြံစည်ပါဝင်ခြင်း၊ ဆက် စပ်ပတ်သက်ခြင်းတို့ကြောင့် နိုင်ငံ ရေးရည်ရွယ်ချက်ဖြင့် ပြစ်မှု ကြောင်းအရဖြစ်စေ၊ တရားမ ကြောင်းအရဖြစ်စေ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ်ချမှတ်ခံရသူများ အားလုံးကိုလည်းကောင်း၊ 

ထို့အ ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်စေ၊ ဥပဒေတစ်ရပ်ရပ်အရ ဖြစ်စေ ဖွဲ့စည်းပေါ်ပေါက်လာသော မဏ္ဍိုင် (၃) ရပ်နှင့် လုပ်ငန်းအဖွဲ့ များ (သို့မဟုတ်) ပြည်ထောင်စု အဖွဲ့ဝင် လုပ်ငန်းအဖွဲ့များ၏ ရပ် တည်ချက်၊ ဆောင်ရွက်ချက်များ အပေါ် နည်းလမ်းအမျိုးမျိုးဖြင့် တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ ဖြစ်စေ၊ ကန့်ကွက်ခြင်း၊ ဟောပြော ခြင်း၊ ရေးသားပုံနှိပ်ထုတ်ဝေဖြန့် ချိခြင်း၊ ဆန္ဒထုတ်ဖော်ခြင်း၊ မကျေနပ်ကြောင်း၊ ကန့်ကွက်ကြောင်း ကို အခြားပုံသဏ္ဌာန်တစ်ခုခုဖြင့် လှုပ်ရှားဆောင်ရွက်ခြင်း၊ အား ပေးကူညီခြင်း၊ ပူးပေါင်းကြံစည် ခြင်း ဆက်စပ်ပတ်သက်ခြင်း စသည်တို့ကြောင့် ပြစ်မှုကြောင်း အရဖြစ်စေ၊ တရားမကြောင်းအရ ဖြစ်စေ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ် ဒဏ်ချမှတ်ခံရသူများအားလုံးကို လည်းကောင်း နိုင်ငံရေးအကျဉ်း သားအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ စံနှုန်းများနှင့် ကိုက် ညီသူများအား နိုင်ငံရေးအကျဉ်း သားအဖြစ် သတ်မှတ်သွားမည် ဖြစ်ကြောင်း အလုပ်ရုံဆွေးနွေးပွဲ အပြီး သြဂုတ်လ ၁၈ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်း ပွဲတွင် ထုတ်ပြန်သည်။

အင်္ဂလိပ်အစိုးရလက်ထက်နှင့် ပါလီမန်ဒီမိုကရေစီခေတ်တစ်လျှောက်လုံးတွင် နိုင်ငံရေးအကျဉ်းသားအခွင့်အရေးသတ်မှတ်ချက်များရှိခဲ့သော်လည်း ၁၉၆၂ ဗိုလ်ချုပ်နေ၀င်း အစိုးရအာဏာသိမ်းပြီးချိန်မှစတင်၍ နိုင်ငံရေးအကျဉ်းသားများအား ဖိနှိပ်ခဲ့မှုများကို အဆုံးသတ်ပြီး နိုင်ငံရေးလှုပ်ရှားသူများ အကျဉ်းကျခံခဲ့ရပါက သိက္ခာရှိရှိ နေထိုင်နိုင်ရေးအတွက် နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုချက်ကို သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း အလုပ်ရုံဆွေးနွေးပွဲတွင် ဥပဒေပညာရှင်အဖြစ် ပါဝင်ခဲ့သူ ဦးကိုနီက ပြောသည်။

‘‘ပြီးခဲ့တဲ့နှစ် ၅၀ အတွင်းမှာ နိုင်ငံရေးလုပ်တဲ့သူတွေကို တကယ့်ကို အင်မတန်ဆိုးသွမ်းတဲ့ရာဇ၀တ်သားတွေနဲ့ တစ်တန်းတစ်စားတည်း။ ပြောရရင် ဒီထက်ပိုပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်ခဲ့တယ်။ ဆက်ဆံ ခဲ့တယ်’’ဟု ဦးကိုနီက ပြောသည်။

ယခင်ကမည်သူမည်ဝါက နိုင်ငံရေးအကျဉ်းသားဖြစ်ကြောင်းကို အဖွဲ့တစ်ခုချင်းစီအလိုက်သာ သတ်မှတ်ခဲ့ခြင်း ဖြစ်ပြီး ယခုသ ဘောတူညီချက်သည် နိုင်ငံရေး အကျဉ်းသားအခွင့်အရေးလှုပ် ရှားသည့်အဖွဲ့အစည်းအများစု ပါဝင်သတ်မှတ်ခဲ့ကြသည့် ဘုံ သဘောတူညီချက်တစ်ခု ဖြစ် သည်။

အစိုးရနှင့် နိုင်ငံရေးအကျဉ်း သားအရေးလှုပ်ရှားသူများအ ကြား ပူးပေါင်းဆောင်ရွက်မှုများရှိ နေခဲ့သော်လည်း နှစ်ဖက်အကြားနိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် ပတ်သက်၍ သဘောထားများ ကွဲပြားခဲ့ကြသည်။

ယခင်က နိုင်ငံရေးအကျဉ်း သားအဖြစ် ပုဒ်မများဖြင့် သတ် မှတ်ခဲ့သော်လည်း အစိုးရဘက်က အဆိုပါ ပုဒ်မများကို ရှောင်လွှဲ တရားစွဲဆိုမှုများရှိခဲ့၍ နိုင်ငံရေးအကျဉ်းသားသတ်မှတ်ချက်ကို ပုဒ်မများဖြင့်မဟုတ်ဘဲ အပြုအမူအဖြစ်အပျက်များဖြင့် သတ်မှတ်မည်ဖြစ်ကြောင်း အလုပ်ရုံဆွေး နွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့သူ ဦးဌေးဦး(စိန်ဂျွန်း)ကပြောသည်။

နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့ (FPPS) နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် နိုင်ငံရေးအ ကျဉ်းသားအဓိပ္ပာယ်သတ်မှတ် ချက်ကို လွှတ်တော်မှတစ်ဆင့် အတည်ပြုနိုင်ရန်နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဖွဲ့စည်းပေး ထားသည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေးကော်မတီ တို့တွင် တင်ပြအတည်ပြုခြင်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

7Day Daily , KOLATT(PBDN)

RangonNewsDaily


0 comments:

Post a Comment