Pages

Thursday, August 21, 2014

အမြန်လမ်းတွင် ဂျေဂျေခရီးသည်တင် ယာဉ်တိမ်းမှောက် ၁၆ ဦးဒဏ်ရာရ

RangonNewsDaily:: August . 20 .2014
ရန်ကုန်- ယနေ့နေ့လယ်က အမြန်လမ်း မိုင်တိုင်၂၂၁အနီးတွင် ဂျေဂျေခရီးသည်တင်ယာဉ်တိမ်းမှောက်ခဲ့ပြီး ခရီးသည် ၁၆ဦး ဒဏ်ရာရရှိခဲ့ကြောင်းနေပြည်တော်အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းကပြောကြားသည်။
နေပြည်တော်မှ မန္တလေးသို့ထွက်ခွာသွားသည့် ခရီးသည် ၃၁ဦးပါ ဂျေဂျေခရီးသည်တင်ယာဉ်တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ ၁၆ဦးကိုနေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ထားသည်။

‘‘မိုင်တိုင် ၂၂၁/၁မှာ လမ်းချော်ပြီး တစ်ဖက်ယာဉ်ကြောမှာမှောက်တာ။ ဒဏ်ရာရရတဲ့ ၁၆ယောက်ကိုနေပြည်တော် ခုတင်တစ်ထောင်ကိုပို့ထားပါတယ်။ စိုးရိမ်စရာလည်း မရှိပါဘူး’’ဟု ရဲမှူးကြီးနေ၀င်းကပြောသည်။

ယာဉ်မှောက်ချိန်တွင် မိုးသည်းထန်စွာရွာသွန်းနေပြီး တစ်နာရီလျှင် ကီလို ၇၀ခန့်ဖြင့် မောင်းနေစဉ်တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ဂျေဂျေခရီးသည်တင်ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယာဉ်တိမ်းမှောက်ပြီးနောက် ခရီးသည်တစ်ဦးက အမြန်လမ်းအရေးပေါ်ဖုန်းဝန်ဆောင်မှု ဖုန်းနံပါတ် ၁၈၈၀သို့ အကြောင်းကြားခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် နီးစပ်ရာရဲစခန်းသို့အကြောင်းကြားခဲ့ကြောင်းအဆိုပါဖုန်းဝန်ဆောင်မှုဌာနမှ သတင်းရရှိသည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment