Pages

Thursday, August 21, 2014

အာဂျင်တီးနားနောက်ခံလူ ရိုဟိုကို ခေါ်ယူရန် မန်ယူသဘောတူညီမှုရရှိ


RangonNewsDaily:: August . 21 .2014
မန်ယူအသင်းသည် စပို့တင်းလစ္စဘွန်းအသင်းမှ အာဂျင်တီးနားလက်ရွေးစင်နောက်ခံလူ ရိုဟိုကို ခေါ်ယူရန်
သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
စပို့တင်းလစ္စဘွန်းအသင်းက နောက်ခံလူရိုဟိုအားမန်ယူအသင်းသို့ ပြောင်းရွှေ့ကြေးယူရိုသန်း(၂၀)ဖြင့် ရောင်းချရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး မန်ယူအသင်းမှ တောင်ပံကစားသမားနာနီကို တစ်ရာသီအငှားဖြင့် ခေါ်ယူခွင့်ရရှိခဲ့ကြောင်းလည်းသိရသည်။ 

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အာဂျင်တီးနားလက်ရွေးစင်အသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရခဲ့သူ ရိုဟို(၂၄ နှစ်)သည် မန်ယူအသင်းသို့ အပြီးသတ်ပြောင်းရွှေ့ရန်အတွက် ရက်ပိုင်းအတွင်း ဆေးစစ်မှုခံယူသွားမည်ဟု
သိရသည်။

Eleven Media , KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment