Pages

Sunday, August 31, 2014

ထိုင်းအစိုးရထုတ်ပေးသည့် ပန်းရောင်ကတ်ကို ထိုင်းပွဲစားများ နှစ်ဆတိုးကောက်နေ

RangonNewsDaily:: August . 31 .2014
ထိုင်းအစိုးရမှ ထုတ်ပေး လျက်ရှိသည့် ပန်းရောင်ကတ်ကို ထိုင်းပွဲစားများက ဘတ်ငွေ ရှစ် ထောင်ဖြင့် မြန်မာလုပ်သားများထံမှ လိမ်လည်ကောက်ခံနေကြောင်း ထိုင်းနိုင်ငံ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းလုပ်သားအခွင့်အရေး ကွန်ရက်မှ ဥက္ကဋ္ဌဦးစိန်ဌေးက ပြောကြားသည်။
တရားမ၀င် လုပ်သားများ အတွက် ထိုင်းအစိုးရမှ ထုတ်ပေး လျက်ရှိသည့်အလုပ်လုပ်ကိုင်ခွင့် လက်မှတ်(ပန်းရောင်ကတ်) နှုန်း ထားကို ဘတ်ငွေ လေးထောင် နီးပါး ကောက်ခံလျက်ရှိသော် လည်း ပွဲစားများက အလုပ်သ မားများထံမှ ရှစ်ထောင်အထိ တောင်းခံပြီး ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အပြင် ထိုင်းစစ်အစိုးရကပန်းရောင်ကတ်ထုတ်ပေးနေစဉ် နယ်စပ်မှ ထပ်မံဝင်ရောက်လာ သည့် မြန်မာအလုပ်သမားများ လည်း ထုတ်ယူလျက်ရှိရာ ပွဲစားများက ၎င်းတို့ထံမှ ဘတ်ငွေငါး ထောင်မှ ရှစ်ထောင်အထိ တောင်းခံ၍ အလုပ်ရှင်အမည်တုဖြင့် ပန်းရောင်ကတ်များ ထုတ်ပေးလျက်ရှိသည်။


‘‘အခု ပန်းရောင်ကတ်ကို ပွဲစားတွေက ရှစ်ထောင်အထိ တောင် တောင်းတယ်။ နောက်ပြီး အလုပ်လည်းမရဘူး။ အဲဒါနဲ့ အခုအဖွဲ့ ၁၀ ဖွဲ့ လောက်တိုင်ထားတယ်။ အဲဒီ ၁၀ ဖွဲ့မှာ လူနှစ်ရာလောက်ပါမယ်။ ပွဲစားကအလုပ် ရှင်နာမည်အတုနဲ့ လုပ်ပေးနေ တာ’’ဟု ဦးစိန်ဌေးကပြောသည်။


ထိုင်းနိုင်ငံအတွင်းရှိ တရား မ၀င်ရွှေ့ပြောင်းလုပ်သားများကို ထိုင်းစစ်အစိုးရက အလုပ်လုပ်ကိုင်ခွင့်လက်မှတ်(ပန်းရောင်ကတ်) ကို ဇွန်လပိုင်းမှစ၍ ထုတ်ပေးခဲ့ ရာ ယခင်က သက်တမ်းနှစ်လဖြင့် ၁၃၀၅ ဘတ် ကောက်ခံပြီး ထုတ်ပေးသည်။ ထို့နောက် ဇူလိုင်လမှစ၍ ယင်းလက်မှတ်များကို သက်တမ်း ၁၀ လအထိ တိုးမြှင့် ခဲ့ပြီး ကောက်ခံသည့်နှုန်းထားမှာ လည်း ဘတ်ငွေ ၃၈၈၅ အထိ တိုး မြှင့်ကောက်ခံခဲ့ခြင်းဖြစ်သည်။


ထို့အပြင်အဆိုပါပန်းရောင် ကတ် ကိုင်ဆောင်ထားသူမှသာ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိ ပြီး အထောက်အထားထုတ်ယူနိုင် မည်ဖြစ်သည်။ လက်ရှိ ထိုင်း အစိုးရ ထုတ်ပေးလျက်ရှိသော ပန်းရောင်ကတ်သည် သက် ဆိုင်ရာနယ်မြေထဲတွင်သာ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိပြီး အ လုပ်လုပ်ကိုင်ခွင့်ကတ်တွင် ပါရှိ သော အလုပ်ရှင်ထံသာ အလုပ်လုပ်ကိုင် ခွင့်ရှိသည်။


ထိုင်းစစ်အစိုးရက အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ထုတ်ပေးနေသည့် ကာလကျော်လွန်ပါက အထောက်အထားမရှိသူများကို တင်းကျပ်စွာ ဖမ်းဆီးသွားမည်ဖြစ် သည်။


7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment