Pages

Sunday, August 31, 2014

ထိုင်းရေနံတင်သင်္ဘောမှ ရေနံများကို ပင်လယ်ဓားပြများက မလေးရှားကမ်းရိုးတန်းအနီးတွင် လုယူသွား


RangonNewsDaily:: August . 31 .2014
ထိုင်းရေနံတင်သင်္ဘောတစ်စီးကို ပင်လယ်ဓားပြများက မလေးရှားနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းအနီး တွင် သြဂုတ် ၂၈ ရက် က ခြိမ်းခြောက်ရပ်တန့်စေခဲ့ပြီး ရေနံနှင့် ချောဆီများကို ထုတ်ယူသွာံးကြောင်း သိရသည်။
ယခုလုယက်မှုကြောင့် အရှေ့တောင်အာရှဒေသတွင် ပင်လယ်ဓားပြများ၏ အန္တရာယ်ပိုမိုကြီးထွားလာ ကြောင်း အပြည်ပြည် ဆိုင်ရာ ပင်လယ်ရေကြောင်းအဖွဲ့၏ ပင်လယ်ဓားတိုက်ခိုက်မှုများဆိုင်ရာ လေ့လာရေးဌာနက သြဂုတ် ၂၉ ရက်တွင် ထုတ်ပြန် ခဲ့သည်။

အဆိုပါလေယာဉ်တင် သင်္ဘောသည် စင်ကာပူမှ ထိုင်းနိုင်ငံသို့ ထွက်ခွာလာစဉ် တောင်တရုတ်ပင် လယ်အတွင်းရှိ မလေးရှား အပမ်းဖြေကျွန်း တီအိုမန်အနီးတွင် လုယက်ခံခဲ့ရခြင်းဖြစ်သည်။

ပင်လယ်ဓားပြများက သင်္ဘောသားများကို အင်ဂျင်ခန်းအတွင်း ဖမ်းဆီးထားပြီး ချောဆီများကို လုယူ သွားသော်လည်း သင်္ဘော သားများကို တိုက်ခိုက်ခြင်းမပြုဘဲ သြဂုတ် ၂၉ ရက်တွင် လွှတ်ပေးလိုက် ကြောင်း သိရသည်။

လုယက်ခံသည့် သင်္ဘောအမည်နှင့် ကုမ္ပဏီကို ပင်လယ်ဓားတိုက်ခိုက်မှုများဆိုင်ရာ လေ့လာရေး ဌာနက ထုတ်ပြန်ခြင်း မရှိပေ။

ယခုလုယက်ခံရမှုသည် ဧပြီလမှစ၍ တောင်တရုတ်ပင်လယ်အတွင်း ၁၀ ကြိမ်မြောက် တိုက်ခိုက်ခံရမှု ဖြစ်ကြောင်း သိရသည်။


Ref:AFP , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment