Pages

Sunday, August 31, 2014

လစ်ဗျားအစိုးရဝန်ကြီးချုပ် အဗ္ဗဒူလာအယ်လ်သီနီ ရာထူးမှ နုတ်ထွက်

RangonNewsDaily:: August . 31 .2014
ထရီပိုလီ
လစ်ဗျားနိုင်ငံအတွင်း အာဏာပိုင်စိုးရေး ရုန်းကန်လှုပ်ရှားမှုများအား အဆုံးသတ်နိုင် စေရေးအတွက် လစ်ဗျားအစိုးရဝန်ကြီးချုပ် အဗ္ဗဒူလာအယ်လ်သီနီသည် ¤င်း၏ ဝန်ကြီးချုပ် ရာထူးတာဝန်ထမ်းဆောင်နေမှုမှ နုတ်ထွက် လိုက်ပြီဖြစ်ကြောင်း ယနေ့ဘီဘီစီ သတင်းတွင် ဖော်ပြသည်။
ယင်းရာထူးမှနုတ်ထွက်ခြင်းသည် အသစ် ရွေးကောက်တင်မြှောက်ခံနိုင်မည့် လွှတ်တော် ရွေးကောက်ပွဲများမှ လူအများပါဝင်ခွင့်ရှိမည် ဖြစ်သည့် အစိုးရအဖွဲ့သစ်တစ်ရပ် ပေါ်ထွန်း ရေးအတွက် အထောက်အကူပြုမည်ဟု ယင်းအစိုးရအဖွဲ့ကပြောကြားသည်။

အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့များနှင့် ဆက်နွှယ်နေသည့် လက်နက်ကိုင်များက လစ်ဗျားနိုင်ငံမြို့တော်အား သိမ်းပိုက်ထားပြီး လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း၌ ၎င်းတို့က ပါလီမန်ရွေးကောက်ပွဲသစ်များ ကျင်းပကာ အစိုးရအဖွဲ့ဟောင်းအား ဖယ်ရှားရေးအတွက် တောင်းဆိုခဲ့ကြသည်။ ယင်းတို့၏တောင်းဆိုချက်ကို အထွေထွေအမျိုးသားကွန်ဂရက် အမည်ခံကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


လစ်ဗျားနိုင်ငံသည် ၂ဝ၁၁ ခုနှစ်အတွင်းက အာဏာရှင်ဟောင်း မွမ်မာကဒါဖီအား ဆန့်ကျင်ဖြုတ်ချမှုများဖြစ်ပွားပြီး ကတည်းက တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ခဲ့သော နိုင်ငံ ဖြစ်သည်။


အမျိုးအမည် အရေအတွက်အများ အပြားရှိသည့် လက်နက်ကိုင်အုပ်စုများက စုရုံးပေါင်းစည်းကာ လစ်ဗျားနိုင်ငံတွင် ကာလရှည်ကြာစွာ အုပ်စိုးဦးဆောင်ခဲ့သူများအား ဆန့်ကျင်ခဲ့ပြီး ၎င်းတို့အနေဖြင့် လက်နက် စွန့်ရေးကိုလည်း ငြင်းဆိုခဲ့သည်။ 


လစ်ဗျား နိုင်ငံတွင် လက်ရှိအုပ်စိုးနေသည့် အစိုးရအဖွဲ့ အနေဖြင့်လည်း ၎င်းတို့အား ထိန်းချုပ်နိုင်ရေးအတွက် အားထုတ်ကြိုးပမ်းနိုင်ခြင်း မရှိကြောင်း သတင်းတွင် ဖော်ပြသည်။ 

BBC , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment