Pages

Saturday, July 12, 2014

NTU မှလွှင့်တင်သော ဂြိုဟ်တုစနစ် တည်ဆောက်ရာတွင်မြန်မာ ကျောင်းသားတစ်ဦးပါဝင်


RangonNewsDaily:: July . 12 .2014
စင်ကာပူနိုင်ငံ Nanyang Technological University မှလွှင့်တင်သော ဒေသတွင်းတည်ဆောက်ထားသော ဂြိုဟ်တု (Home-grown Satellites) နှစ်ခုအား တည်ဆောက်ရာတွင် အဆိုပါတက္ကသိုလ်မှ မြန်မာကျောင်းသား တစ်ဦးပါဝင်ကြောင်း သိရသည်။
၎င်းဂြိုဟ်တုနှစ်ခုအား တည်ဆောက်ရာတွင် NTU Satellite Research Centre Association မှပရော်ဖက် ဆာ Low Kay Soon နှင့်အတူကျောင်းသား ၄ ယောက်က တည်ဆောက်ထားခြင်းဖြစ်ပြီး အဆိုပါ ၄ ယောက်ထဲတွင် မြန်မာကျောင်းသား မောင်ထက်အောင် (အသက် ၂၈ နှစ်) ပါဝင်ခဲ့ကြောင်းသိရသည်။ လွှင့်တင်ခဲ့သော ဂြိုဟ်တုများမှာ VELOX-I နှင့် VELOX-PIII တို့ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇွန်လ ၃၀ ရက်တွင် အိန္ဒိယနိုင်ငံ၏ Polar Satellite ဖြင့်ချိတ်ဆက်ခဲ့ကြောင်း သိရသည်။

ယင်း Home-grown Satellite နှစ်ခုအား NTU Satellite Research Centre တွင်ကျောင်းသားများနှင့် သုတေသီများက ဒီဇိုင်းရေးစွဲတပ်ဆင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ဂြိုလ်တုနှစ်ခုလုံးသည် မြေပြင်နှင့်အထက် ၆၅၀ ကီလိုမီတာထိ ပျံသန်းနိုင်ပြီး အဆိုပါဂြိုဟ်တုနှစ်ခုမှာ အိန္ဒိယနိုင်ငံ အာကာသသုတေသန အဖွဲ့အစည်း၏ Satellite Mission ၅ ခုမှ တစ်ခုအပါအဝင် ဖြစ်ကြောင်းသိရသည်။

myanmarinternetjournal , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment