Pages

Saturday, July 12, 2014

လှိုင်သာယာဈေးတွင် ဓာတ်ကြိုးပြတ်ကျ ဓာတ်လိုက်၍ အမျိုးသမီးသုံးဦးသေ၊ ကလေးငယ်တစ်ဦးဒဏ်ရာရ ၁၉ ရက်အတွင်း ရန်ကုန်မြို့တွင် ဓာတ်ကြိုးပြတ်ကျမှုကြောင့် သေဆုံးမှု ခြောက်ဦးရှိလာ


RangonNewsDaily:: July . 12 .2014
ကိုးနာရီခွဲအချိန်က လှိုင်သာယာမြို့နယ် ၁၅ ရပ်ကွက်၊ ၁၅ ဈေးအတွင်းရှိ လျှပ်စစ်ဓာတ်တိုင်မှ ယနေ့နံနက် ဓာတ်ကြိုးပြတ်ကျမှုကြောင့် ဈေးဝယ်လာသူ အမျိုးသမီးသုံးဦး ဓာတ်ကြိုးပတ်မိ၍ ဓာတ်လိုက်သေဆုံးသွားပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။
ပြတ်ကျသွားသော ဓာတ်ကြိုးကို သက်ဆိုင်ရာ လျှပ်စစ်ဌာနမှ တာဝန်ရှိသူများက ဖြုတ်ယူသွားပြီး ယင်းနေရာကို ၁၂ နာရီခွဲအချိန်ထိ အစားထိုး လာရောက်တပ်ဆင်ခြင်းမရှိသေးပေ။ ဒဏ်ရာရရှိသော ကလေးငယ်ကို လှိုင်သာယာမြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး အရေးပေါ်အခြေအနေသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။


လှိုင်သာယာမြို့နယ် ၁၅ ဈေးအတွင်းရှိ လျှပ်စစ်ဓာတ်တိုင်မှ ပြတ်ကျခဲ့သည့် ဓာတ်ကြိုးကို လူတစ်ဦးက ယူဆောင်လာစဉ် (ဓာတ်ပုံ - ငြိမ်းချမ်း)
ဇွန် ၂၃ ရက်တွင် ကမာရွတ်မြို့နယ် လှည်းတန်းဈေးအတွင်း ဓာတ်ကြိုးပြတ်ကျမှုကြောင့် နှစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရကာ ဇွန် ၃၀ တွင်လည်း မြောက်ဥက္ကလာပမြို့နယ်၌ ဓာတ်ကြိုးပြတ်ကျမှုကြောင့် တစ်ဦးသေဆုံးခဲ့သည်။ ယခု သုံးဦးထပ်မံသေဆုံးခဲ့ခြင်းကြောင့် ၁၉ ရက်အတွင်း ရန်ကုန်မြို့တွင် ဓာတ်ကြိုးပြတ်ကျ ဓာတ်လိုက်၍ ခြောက်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment