Pages

Saturday, July 12, 2014

မန္တလေး အရှေ့အမြောက်တန်းကြီးရပ်ကွက်မှ လူ ၈ဦးကို ဖမ်းဆီး

RangonNewsDaily:: July . 12 .2014
မန္တလေးမြို့ ၃၄လမ်း (၇၄ x ၇၅ကြား)ရှိ အရှေ့အမြောက်တန်းကြီးရပ်ကွက်မှ ၈ဦးကို ယနေ့ ညနေ ၇နာရီမတိုင်ခင်မှာ လုံထိန်းရဲ
တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့သည်။

၃၂လမ်း (၇၄ x ၇၅ကြား)ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ မိဘဆွေမျိုးများ၊ ရပ်ကွက်နေပြည်သူများအား ရောက်ရှိနေပြီး လူစုလူဝေး
များ ဖြစ်နေသည်ဟု မျက်မြင်သက်သေများက အတည်ပြုကြသည်။

ဝင်ရောက်ဖမ်းဆီးမှုတွင် သေနတ် ၂ချက် ဖောက်သည် ဆိုသည့် ကောလဟာလများ ပြန့်နှံ့နေဆဲဖြစ်သော်လည်း အတည်ပြုချက် မရရှိသေးပေ။ လက်ရှိအချိန်တွင် လုံထိန်းကား ၈စီးဖြင့် အရှေ့အမြောက်တန်းကြီး ရပ်ကွက်အား လှည့်လည်နေသည်ဟု မျက်မြင်သက်သေများက ဆိုသည်။
::
မည်သည့်အကြောင်းပြချက်မှ မပေးဘဲ အဆိုပါ ဖမ်းဆီးမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မိဘဆွေမျိုးများအား လိုက်မလာရန် ရဲတပ်ဖွဲ့ဝင်

များက ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးခံခဲ့ရသူ ၈ဦးစလုံးသည် ဥပုသ်ထွက်ခါနီး စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံခဲ့ရသည်ဟု အတည်ပြုချက်များ ရရှိခဲ့သည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ မန္တလေးတိုင်းရဲတပ်ဖွဲ့က ဖြေဆိုဖို့ငြင်းဆန်ခဲ့သည်။

Kamayut Media ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment