Pages

Saturday, July 12, 2014

တီရွပ္အက်ႌ ဝတ်သောကြောင့် သမ္မတဦးသိန်းစိန်ပွဲအား သတင်းယူခွင့်မပေးနိုင် ကြောင်း ကမာရွတ်မြို့ နယ် စခန်းမှူး ပြော


RangonNewsDaily:: July . 12 .2014
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အနှပညာရှင်များနှင့် မြန်မာငြိမ်းချမ်းရေးစင်တာတွင် တွေ့ဆုံသွားခဲ့ရာ ယင်းတွေ့ဆုံပွဲသို့ 
သွားရောက်သတင်းယူခဲ့သော သတင်းမီဒီယာများအား တီရှပ်အင်္ကျီများဝတ်ဆင်လာ သောကြောင့် သတင်းရယူခွင့်
မပေးနိုင်ကြောင်း ကမာရွတ်မြို့နယ်စခန်းမှူး မောင်မောင်ဦးက ဇူလိုင် ၁၂ရက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော်ပေးမဝင်နိုင်ဘူး ဘာအကြောင့်ပြချက်ကြောင့်ပေးမဝင်တာလဲမမေးနဲ့ အကြောင်းပြချက်လည်း မပြောနိုင်ဘူး တီရှပ်
အင်္ကျီာဝတ်တဲ့ လူတိုင်းပေးမဝင်နိုင်ဘူး သတင်းထောက်တွေ တီရှပ်အင်္ကျီာဝတ်ထားလို့ ဘယ်လိုမှ ပေးမဝင်နိုင်ဘူး လောလော
စဉ် ထုတ်ပြန်တယ် ဒီနေရာမှာ ကျွန်တော်တာဝန်ရှိတဲ့အတွက် ဒီနေရာမှာ တီရှပ်ဝတ်ထားတဲ့ လူမှန်သမျှပေးမဝင်ဘူး ဒါက ကျွန်တော်တို့တာဝန်အရတားတာပါ။

ဒါဥပဒေ ထုတ်တာမဟုတ်ပါဘူး လိုအပ်လို ဒီနေရာမှာ ရှင်းပြတာပါ တီရှပ်နဲ့မလို့ ရှပ်အင်္ကျီာသွားဝတ်လာရင် ပေး ဝင်မယ် ပေးမဝင်ဘူးလို့ပြောတာမဟုတ်ဘူး သတင်းယူတဲ့လူတွေ ရှပ်အင်္ကျီာဝင်လာရင် ပေးဝင်မယ်။ကျန်တဲ့ နေရာကိုတော့ မပြောဘူး လတ်တလော ဒီနေရာမှာပဲ ပေးမဝင်တာ”ဟု ၎င်းက ပြောသည်။



“ကျွန်မတို့သတင်းယူဖို့လာတယ် ဒါပေမဲ့ သတင်းရယူခွင့်မရဘူး အခုသတင်းယူတယ်ဆိုတာကလည်း သမ္မတပွဲကို သတင်းယူတာ ဘာဖြစ်လို့လဲ ကျွန်မတို့က အာဏာမှမရှိပဲ အဲ့ဒီသတင်းကို လွတ်လပ်စွာ သတင်း ယူခွင့်မရှိဘူး။သတင်းယူခွင့်ကို အမှောင်ချပစ်လိုက်တယ်။

ကျွန်မတို့ သတင်း မီဒီယာတွေက တစ်နေ့တခြား ပိုပိုပြီးတော့ အရှိန်အဟုန်မြင့်လာပြီး ဘာဖြစ်လို့လဲဆိုတော့ ဖမ်းဆီးတာတွေ၊ သတင်းယူခွင့်ပိတ်တာတွေကို အာဏာရှိတဲ့ လူတွေကဆက်တိုက်လုပ်နေတာဆိုတော့ ကျွန်မတို့တွေ ပြည်သူတွေကို ဘယ်လိုတင်ပြမလဲ” ဟု သမဂ္ဂဂျာနယ်မှ သတင်းထောက်ချုပ် မရွှေမှုန်ကပြောသည်။
::
ပြည်တွင်း၊ပြည်ပ မီဒီယာများသည် ဇူလိုင် ၁၂ရက်က မြန်မာငြိမ်းချမ်းရေးစင်တာတွင် သမ္မတဦးသိန်းစိန်နှင့် အနှပညာရှင်များ တွေ့ဆုံပွဲ၌ လာရောက် သတင်းရယူခဲ့ရာမှာ ကမာရွတ်မြို့ နယ်၊စခန်းမှူး မောင်မောင်ဦး၏ သတင်းရယူခွင့်မပြုခဲ့သောကြောင့် ဦဝီစာရလမ်းမပေါ်တွင် ကင်မရာများချထားပြီး ပါးစပ်များ၌ တိပ်ကပ်၍ သတင်းလွတ်လပ်ခွင့်ပေးရန် တောင်းဆိုသွားခဲ့သည်။

ပြည်ပ မီဒီယာများမှာ VOA၊AP၊RFA၊DVB၊များပါဝင်ခဲ့ပြီး ပြည်တွင်းမီဒီယာများအနေနဲ့ 7 day၊မဇ္ဈိမ၊ မြန်မာ့ခေတ် အွန်လိုင်း၊Evely၊The First Weekly၊သမဂ္ဂ၊ဧရာဝတီ၊ဒီမိုကရေစီသတင်းစာ၊စသည့် မီဒီယာ သတင်းဌာနများမှ သတင်းထောက် အယောက် ၁၀၀ ဝန်းကျင်သည် တီရှပ်အင်္ကျီများ ဝတ်ဆင်ထား သောဆိုတဲ့ ကမာရွတ်မြို့ နယ်၊စခန်းမှူး မောင်မောင်ဦး၏ အကြောင်းပြမှုကြောင့် သတင်း ရယူခွင့် ပိတ်ပင်ခံခဲ့ရကြောင်း သိရသည်။

မြန်မာ့ခေတ် ::--
 KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment