Pages

Saturday, July 12, 2014

မြေတူးစက်နှင့်မလွတ်သည့် လျှပ်စစ်ဓာတ်ကြိုးကို ဖယ်ရှားရာမှ ဓာတ်လိုက်သေဆုံး

RangonNewsDaily:: July . 12 .2014
တောင်ဥက္ကလာပမြို့နယ်အတွင်း ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းက မြေတူးစက်နှင့် မလွတ်သည့် လျှပ်စစ် ဓာတ်ကြိုးကို ဖယ်ရှားရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၀ ရက် မွန်းလွဲ ၁ နာရီ၁၅ မိနစ်က တောင်ဥက္ကလာပမြို့နယ် (၄)ရပ်ကွက် သုမင်္ဂလာလမ်းနန္ဒဝန်ဈေးရှေ့
တွင် တောင်ဥက္ကလာပမြို့နယ်နေ စည်ပင်လမ်းတံတားအဖွဲ့ နေ့စားဝန်ထမ်း ကိုကျော်မင်းအေး (၂၁ နှစ်)သည် အဆိုပါဈေးရှေ့၌ ရေမြောင်းမှ ဆယ်ယူထားသော မြေများအား မြေတူးစက်ဖြင့် သယ်ယူစဉ် မြေတူးစက်ပေါ်တက်၍ ဓာတ်ကြိုးကို ဖယ်ရှား
ရာမှ ဓာတ်လိုက်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ 

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ တောင်ဥက္ကလာပ မြို့မရဲစခန်းက သေမှုသေ ခင်းဖြင့် ရေးဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOI ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time