Pages

Saturday, July 12, 2014

သမ္မတကို သတင်းထောက်နှင့် မိကျောင်းကန်ပြည်သူများ ဆန္ဒပြ


RangonNewsDaily:: July . 12 .2014
မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC)တွင် အနုပညာရှင်များနှင့် တွေ့ဆုံနေသော သမ္မတဦးသိန်း
စိန်ကို သတင်းထောက်များနှင့် မြေအသိမ်းခံထားရသော မိကျောင်းကန်ရပ်ကွက်မှ ပြည်သူများက တစ်ပြိုင်နက်တည်း ဆန္ဒပြ
လျက်ရှိသည်။
‘‘မီဒီယာဖိနှိပ်မှုရပ်’’စာတန်းပါ အင်္ကျီများ ဝတ်ဆင်ထားသော သတင်းထောက် နှစ်ဆယ်ကျော်က MPC အတွင်းသို့ သတင်းဝင်
ယူခြင်းမရှိဘဲ ကင်မရာများချထားကာ ငြိမ်သက်စွာရပ်၍ ဆန္ဒပြနေခြင်းဖြစ်သည်။ သတင်းထောက်အချို့၏ ပါးစပ်တွင် တိပ်အ
မည်းများ ကြက်ခြေခတ် ကပ်ထားသည်ကို တွေ့ရသည်။


‘‘မီဒီယာဖိနှိပ်မှုရပ်’’စာတန်းပါ အင်္ကျီဝတ်ထားသော သတင်းထောက်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက MPC ရှိရာ ရွှေလီလမ်း
ထဲသို့ ဝင်ရောက်ခွင့်မပြုပေ။
::
တစ်ချိန်တည်းမှာပင် လူဦးရေ ခြောက်ဆယ်ခန့်ရှိသော မိကျောင်းကန် သပိတ်စခန်း ပြည်သူများကလည်း သမ္မတကြီးကျန်းမာ

ပါစေ၊ ချမ်းသာပါစေ၊ သမ္မတကြီးသိပါစေ စသည့် ကြွေးကြော်သံများဖြင့် အော်ဟစ်ဆန္ဒပြနေသည်။

မိကျောင်းကန်ပြည်သူများကိုလည်း MPC လမ်းထိပ်တွင် ပိတ်ဆို့တားဆီးထားသည်။
::
ယနေ့သည် မိကျောင်းကန်ပြည်သူများ သပိတ်စခန်းဖွင့်၍ ဆန္ဒပြကြသည့် ၁၁၁ ရက်မြောက်နေ့ ဖြစ်သည်။

သမ္မတဦးသိန်းစိန်မှာ ယနေ့နံနက် ၁၁ နာရီ မိနစ် ၂၀ ၀န်းကျင်ခန့်မှစ၍ အနုပညာရှင်များနှင့် တွေ့ဆုံနေသည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment