Pages

Monday, June 23, 2014

အနိုင်သေချာတဲ့ အိမ်ရှင် ဘရာဇီး


RangonNewsDaily:: June . 23 .2014
ကင်မရွန်း-ဘရာဇီး (ဇွန် ၂၄၊ နံနက် ၂း၃၀)
ကင်မရွန်းဟာ ဒီအုပ်စုရဲ့ အင်အားအနည်းဆုံးအသင်းဖြစ်ပြီး နှစ်ပွဲကစား တစ်ဂိုးမှမသွင်းနိုင်ဘဲ ပေးဂိုး ၅ ဂိုးနဲ့အတူ ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။
ဘရာဇီးကတော့ အုပ်စုအဖွင့်ပွဲမှာ ခရိုအေးရှားကို နိုင်ပြီး ဒုတိယပွဲမှာ မက္ကဆီကိုနဲ့ သရေကျခဲ့ပါတယ်။ ဘရာဇီးအနေနဲ့ ဒီပွဲအနိုင်ရရှိခဲ့မယ်ဆိုရင် ရမှတ် ၇ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။

တကယ်လို့ တစ်ဖက်အုပ်စုမှာ ချီလီအုပ်စုဒုတိယဖြစ်ခဲ့မယ်ဆိုရင် ချီလီနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး နယ်သာလန်အုပ်စု ဒုတိယဆိုရင်တော့ နယ်သာလန်နဲ့ ရှုံးထွက်အဆင့်မှာ တွေ့ဆုံရမှာဖြစ်ပါတယ်။ 

ဘရာဇီးဟာမက္ကဆီကိုနဲ့ပွဲမှာ ခပ်ကြမ်းကြမ်းအဆင့်ဆင့် ပိတ်ဆို့ကာကွယ်မှုတွေကြောင့် ဂိုးမရှိသရေကျခဲ့ရတာဖြစ်ပေမယ့် ကင်မရွန်းကတော့ ပွဲချိန်ပြည့်တောင့်ခံနိုင်ဖို့ မလွယ်လောက်ပါဘူး။ ဘရာဇီးအနိုင်သေချာတဲ့ပွဲပါ။

ထိပ်တိုက်တွေ့ဆုံမှု

ဘရာဇီး ၀ - ၁ ကင်မရွန်း

ဘရာဇီး ၂ - ၀ ကင်မရွန်း


KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment