Pages

Monday, June 23, 2014

အိမ်ရှင်ဘရာဇီးကို ရှောင်လွှဲနိုင်ရေးနဲ့ အုပ်စု(က)ရဲ့ လက်ကျန်တစ်နေရာ တိုက်ပွဲ


RangonNewsDaily:: June . 23 .2014
ယနေ့ညမှာတော့ အုပ်စု (က)နဲ့ အုပ်စု (ခ) တို့ရဲ့ နောက်ဆုံး အဆုံးအဖြတ်လက်ကျန်ပွဲစဉ်တွေကို ကစားကြတော့မှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်တွေမှာ စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ ပွဲစဉ်တွေက နယ်သာလန်-ချီလီ၊ ခရိုအေးရှား-မက္ကဆီကို တို့ရဲ့ ပွဲစဉ်တွေ ဖြစ်ပါတယ်။
အုပ်စု(က)အကြောင်းကို ဦးစွာပြောရမယ်ဆိုရင် ဘရာဇီးက အုပ်စုကတက်သွားပြီ ဖြစ်ပြီး အုပ်စုဗိုလ်ရဖို့က သေချာသလောက် ဖြစ်နပါပြီ။ အဲ့ဒီအတွက်ကြောင့် သုံးမှတ်ရထားတဲ့ ခရိုအေးရှားနဲ့ လေးမှတ်ရထားတဲ့ မက္ကဆီကိုတို့ဟာ ရှုံးထွက်အဆင့်ကိုတက်နိုင်ဖို့ အားကုန်ရုန်းရတော့မှာပါ။

ခရိုအေးရှားကအနိုင်လိုအပ်ပြီး မက္ကဆီကိုတို့က သရေကျရုံနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ဘရာဇီးကိုယှဉ်ပြိုင်ခဲ့တဲ့ နှစ်သင်းစလုံးရဲ့ခြေစွမ်းအရဆိုရင် ကွာခြားမှုမရှိပဲ တစ်ချက်မှားတဲ့အသင်းက ခံသွားရမှာ ဖြစ်ပါတယ်။ အုပ်စု(ခ)မှာတော့ နယ်သာလန်နဲ့ ချီလီတို့က ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့ပြီးဖြစ်လို့ အုပ်စု ပထမနေရာအတွက်ပဲ ကြိုးစားရတော့မှာဖြစ်ပါတယ်။ 

သူတို့ရဲ့တွေ့ဆုံမှုရလဒ်က အိမ်ရှင်ဘရာဇီးကို ရှောင်လွှဲနိုင်ဖို့အတွက် အလွန်အရေးကြီးနေပါတယ်။ နယ်သာလန်အနေနဲ့ သရေကျရုံနဲ့ အုပ်စုပထမနေရာကို ရရှိမှာဖြစ်ပေမယ့် စပိန်ကို အနိုင်ကစားခဲ့တဲ့ ချီလီရဲ့ ခြေစွမ်းကို လျှော့တွက်ရင်ခံသွားရပါလိမ့်မယ်။

ချီလီနည်းပြ ဆမ်ပါအိုလီကလည်း စပိန်ကို အနိုင်ရခဲ့တဲ့ နည်းစနစ်အတိုင်း နယ်သာလန်ကို ရင်ဆိုင်မယ်လို့ ဆိုထားပြန်တော့ ဒီပွဲက စိတ်ဝင်စားစရာ ကောင်းနေတာ အမှန်ပါပဲ။

Mizzima Sport News , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment