Pages

Monday, June 23, 2014

ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၉/၄-၅)ကြား၌ ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းဘာရီယာတုံးအား ၀င်ရောက်တိုက်မိ၍ တိမ်းမှောက် ဒဏ်ရာရ


RangonNewsDaily:: June . 23 .2014
၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ နံနက် ၄ နာရီ ၅၀ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၉/၄-၅)ကြား၌ ယာဉ်
တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်းမှ
တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေး
ခဲ့သည်။ 

စစ်ဆေးချက်အရ နေပြည်တော်မှ ရန်ကုန်သို့ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ မျိုးသန့်(၃၅)နှစ်မောင်းနှင်လာသည့် 8E/xxxx ပါဂျဲရိုး ခဲရာင်
ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းဘာရီယာတုံးအား ၀င်ရောက်
တိုက်မိ တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ 
::
ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ပခုက္ကူမြို့နယ်၊ အရှေ့ကျော်ရွာ ကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ဦးဝိသုဒ်္ဓ သက်တော်(၄၄)နှစ်၊ ၀ါတော်(၂၄)၀ါပါ သံဃာ(၃)ပါး တွင်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ မျိုးသန့်
အား အမှတ်(၃) လမ်းဆုံအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇
/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

မြ၀တီ ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment