Pages

Monday, June 23, 2014

ထက်ထက်မိုးဦး ရေးတဲ့ "၁၇ နှစ်"


RangonNewsDaily:: June . 23 .2014
၁၇နှစ် ဆိုတာ ပြောလိုက် တော့သာ ၁၇နှစ် ဆိုတာကို ဖြတ်သန်းရတာ လွယ်နေ တာ။ တကယ့် တကယ် ကျတော့ အဲဒီ ၁၇ နှစ်ကို ကျော်ဖြတ်နိုင်ဖို့ ဆို တာ(လုံးဝ) မလွယ် ဘူး။ ၁ဝ နှစ် တာကာလ ကိုတောင် ဖြတ်သန်း ရတာ မလွယ်ကူဘူး။ အဲဒီကာလ မှာဖြတ်သန်း ရတယ်။ အတွေ့ အကြုံတွေ၊ ရုန်းကန် လှုပ်ရှားမှု တွေ၊ စိတ်ခံစားမှုတွေ ဆို တာ မနည်း ပေးဆပ်နေရတယ်။ ဘဝ ကိုဖြတ်သန်းကြရတယ်။
အခု ပေါ်ပြူလာဂျာနယ် ဆိုရင် ၁၇ နှစ် ဆိုတဲ့ အချိန်ကာလ ကြီးကို ဖြတ်ကျော် ၊ ဖြတ်သန်း လာနိုင်တယ် ဆိုတာ အင်မတန်ကို အံ့သြချီးကျူးဖို့ကောင်း တယ် ။ လေးစား ဖို့ ကောင်းတယ်။ အား လုံးဝိုင်းဝန်းပြီး ကြိုးစားအား ထုတ်မှုတွေ၊ ပရိသတ်တွေရဲ့ လက်ခံအားပေး နှစ်ခြိုက်မှုတွေ နဲ့အတူ ၁၇ နှစ် ကို ဖြတ် ကျော် ခဲ့ ကြတယ်။

အခု ၁၇နှစ်ပြည့် ဆို တော့ ထက်ထက် အနေ နဲ့ တအားကို ဂုဏ်ယူလေးစားမိ တယ်။ ၁၇ နှစ် အတွင်းမှာ ထက် ထက်တို့ ကိုယ်တိုင်လည်း ရုန်း ကန်ခဲ့ရတယ်။ ကိုယ်တိုင် လည်း သည်းခံခဲ့ ရတဲ့ အချိန်တွေ ရှိ တယ်။ ဖြတ်ကျော်ခဲ့ ရတဲ့ အချိန်တွေရှိ တယ်။ ပြောရမယ် ဆိုရင် အများ ကြီးပါ။ ထက်ထက် နဲ့ ပေါ်ပြူလာ ဂျာနယ် ဟာဆိုရင်လည်း ရန်ဖြစ် လိုက်၊ ပြန်ချစ်လိုက်ပါပဲ။

အခု ပေါ်ပြူလာ ဂျာနယ် ၁၇ နှစ် အတွက်မျက်နှာဖုံး ဓာတ် ပုံ ရိုက်ပေး ရတော့ ပိုတောင် ပျော် နေပါသေးတယ်။ ပေါ်ပြူလာ ၁၇ နှစ်ပြည့် မျက်နှာဖုံး ဓာတ်ပုံ ရိုက်ရတော့ ၁၇နှစ် ကြီးများ တောင် ပေါ်ပြူလာ ဂျာနယ် က ပြည့် သွားပြီလား ဆိုပြီး တော့ အံ့သြမိတယ်။ ပျော် တဲ့စိတ် နဲ့အံ့သြသွားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပေါ်ပြူလာနဲ့ ထက် ထက် ဟိုး လွန်ခဲ့တဲ့ ၁၇နှစ် လောက် ကတည်းက အတူလက်တွဲ ရိုက်ခဲ့ တာဆိုတော့ ရင်းနှီး မှုတွေရော ၊မိသား စုဝင်တွေ လိုဖြစ်နေ တာရော ဘယ်လို ပဲ ဖြစ်ဖြစ် ပေါ်ပြူ လာ ဆိုတဲ့ နာမည်ဟာ စိတ် ထဲမှာ ရင်းနှီးနေတဲ့ နာမည်ပါ။ 


ထက်ထက် အနေ နဲ့လည်း ၁၇ နှစ် အတွင်း မှာ ပေး ဆပ်ခဲ့ရတယ်။ ဆုံး ရှုံးခဲ့ရတယ်။ ရင်ဆိုင် ခဲ့ရတယ်။ အမျိုးစုံ ကို ၁၇နှစ် အတွင်း မှာကျော်ဖြတ်လာ ခဲ့ရတယ်။ အခုအ ချိန်မှာ ထက်ထက် ကတော့ပြန် ပြီး ကြိုးစားခွင့် ရချင်တယ်။ ရှင် သန်ခွင့်ရချင်တယ်။

ထက်ထက်မှာ အနုပညာနဲ့ ပတ် သက်လာရင် ကြိုး စားချင်တဲ့ စိတ်က တော့ အပြည့်ရှိ တယ်။ အဲဒါ ကြောင့် ပေါ်ပြူ လာ ၁၇ နှစ်ပြည့် ပရိသတ် အတွက် ဓာတ်ပုံတွေ ကို စိတ်ပါ လက်ပါ နဲ့ ရိုက် ကူးဖြစ် ခဲ့ တယ်။ 


ထက်ထက်တို့ မျက်စိရှေ့တင် ၁၇ နှစ် ပြည့်ခဲ့တဲ့ ပေါ်ပြူလာ အကြောင်း တွေးရင်း ထက်ထက် သမီးလေး စစ် လွန်းဝတီထက် ၁၇နှစ် အရွယ် လောက် ရောက်ပြီ ဆိုရင် လည်း အတော်ကို ပျော်ရွှင် စရာကောင်းမှာပဲ လို့ တွေး ကြည့်မိတယ်။ 

အခု ဝတ် မှုံရွှေရည် ကို သူ့ရဲ့အမေ က ချစ်သလိုမျိုး ကြည် နူးသလိုမျိုး ကိုယ့်သမီး ကို ကြည့်နေရတဲ့ ဘဝလေး က ဘယ်လောက် ကြည်နူး စရာကောင်း လိမ့်မလဲ။ ထက်ထက်လည်း သမီးလေးကို အဲဒီလို မျိုးလေး ဖြစ် လာရင် သိပ်ကောင်းမှာပဲ ဆိုပြီးတော့ တွေးပျော် မိသေးတယ်။ 

ဝတ်မှုံရွှေရည် ရဲ့အမေ (အန်တီမီး) ကိုတွေ့ရင် လည်း အမြဲ ပြောဖြစ် တယ်။ အန်တီ မီး တအား ကံ ကောင်း တယ် လို့ပြောတော့ ထက်ထက် လည်း ကံကောင်း မှာပါတဲ့။ စစ်လွန်း ဝတီထက်လေးက ချစ်စရာလေးပါတဲ့။

ထက်ထက် ငယ်ငယ်တုန်းက အိမ် က လူတွေက ထက်ထက်ကို “မိမှုံ” လို့ပဲ ခေါ် ကြ တယ်။ ထက်ထက် နာမည်က မှုံရွှေရည်၊ အခု ဝတ်မှုံရွှေရည် ကလည်း မှုံပါတော့ ထက်ထက် ငယ်ငယ်က ဘဝ လေး ကိုတောင် သတိရ မိသေးတယ်။

ထက်ထက် လည်း ၁၇ နှစ် ဆိုတဲ့ အချိန်ကို ဖြတ် သန်း လာခဲ့ပြီးတော့ အခု အချိန်မှာ ထက်ထက် လည်း ပြန်ပြီး ကြိုးစား ရှင်သန်ခွင့် ရချင်တယ်။ လူဆိုတာ ကြိုး စားတဲ့လူ၊ ဝီရိယ ရှိတဲ့လူ ဆို ရင်တစ်နေ့ တစ်ချိန်မှာ အခွင့် အရေး ဆိုတာ ရလာကြတာ ပါပဲ။ အဲဒီ အခွင့်အရေး ရ လာတဲ့ အခါရောက်ရင် ထက်ထက် လည်း ကြိုးစားမယ်။ ဆက် ပြီးတော့ ရှေ့ ဆက်မယ်…။

ထက်ထက်မိုးဦး
Popular Journal , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment