Pages

Monday, June 23, 2014

ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၅၆/၀-၁)ကြားတွင် အရှိန်မထိန်းနိုင် သောယာဉ် လမ်းလယ်ကျွန်းကာရံထားသော ဘာရီယာတုံးအား ၀င်ရောက်တိုက်မိ


RangonNewsDaily:: June . 23 .2014
၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေး
အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၅၆/၀-၁)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေးအမြန်
လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့သည်။ 
ထိုသို့စစ်ဆေးရာ ရန်ကုန်မှ မန္တလေးသို့ ချမ်းမြသာစည်မြို့နယ်၊ သဇင်လမ်းနေ မောင်ကောင်းလှိုင်(၂၈)နှစ်မောင်းနှင်
လာသော ၃စ/xxxx ကရောင်းအဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကာရံထားသည့် ဘာရီယာတုံး
အား ၀င်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။ 
::
ထိုသို့တိုက်မိမှုကြောင့် ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ယာဘက်ရှေ့ဘီးကွဲ၊ ဘော်ဒီဝဲဘက် ပိန်ချိုင့်၊ တန်ဘိုးငွေကျပ်

(၁၀)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သောကြောင့် မောင်ကောင်းလှိုင်အား ပေပင်လေး အမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

ရဲဇာနည် ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment