Pages

Monday, June 23, 2014

ဦးဆန်းဆင့်အား ရန်ကုန်မြို့နှင့်မနီးမဝေးရှိထောင်တွင် ထိန်းသိမ်းထားပြီး ယင်းမိသားစုနှင့်စီးပွားရေးလုပ်ငန်းများကို စစစမှ ထိန်းချုပ်စောင့်ကြပ်လျက်ရှိ

RangonNewsDaily:: June . 23 .2014
တာဝန်မှရပ်စဲပြီး အမှု ဖွင့် စစ်ဆေးခံနေရသော သာသနာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် အား ရန်ကုန်မြို့နှင့်မနီးမဝေးရှိ ထောင်တစ် ခုတွင် ထိန်းသိမ်းထားရှိပြီး ယင်း၏မိသားစု နှင့် မိသားစုပိုင် စီးပွားရေးလုပ်ငန်းများကို အ ထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ထိန်းချုပ် စောင့်ကြပ်လျက်ရှိနေကြောင်း အဆိုပါအ ထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် နီးစပ် သူများထံမှ သိရသည်။
သာသနာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးဆန်းဆင့်အား ဇွန် ၁၉ ရက်က လက်ရှိရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် ယခုကဲ့သို့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီး ဌာနက ဦးဆန်းဆင့်နှင့်ပတ်သက်ဆက်နွှယ် နေသည့် လုပ်ငန်းများအား ထိန်းချုပ်ကာ မိသားစုအား စောင့်ကြပ်ကြည့်ရှုမှုများ ပြု လုပ်ခဲ့ခြင်းဖြစ်ပြီး နေပြည်တော်ရှိ သာသနာ ရေးဝန်ကြီးဌာနတွင်လည်း အထူးစုံစမ်းစစ် ဆေးရေးမှ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သာသနာရေးဝန်ကြီးဌာနမှ အမည်မဖော် လိုသူ အရာရှိတစ်ဦးက ပြောသည်။

''နေပြည်တော်မှာတော့ စသုံး လုံးက သာသနာရေးရုံးကို ဝင်စစ်ဆေးနေ တယ်။ ဒီလို ဦးဆန်းဆင့် သတင်းကြားရ တော့ သာသနာရေးရုံးက ဝန်ထမ်းတွေ စိတ် မကောင်းဖြစ်နေကြတယ်''ဟု အဆိုပါအ မည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောသည်။


သာသနာရေးဝန်ကြီးဌာနအနေ ဖြင့် ထိုကဲ့သို့ ရာထူးအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ခြင်းမှာ သာသနာရေးကို နားမ လည်သူ စစ်တပ်မှ အငြိမ်းစားပုဂ္ဂိုလ်များ ဝန်ကြီးဌာနအတွင်း ရှိနေခြင်းကြောင့်ဟု သာသနာရေးဝန်ကြီးဌာနမှ နီးစပ်သူတစ် ဦးက ပြောသည်။


''အခုလို သာသနာရေးဝန်ကြီး ဌာန ဖြစ်သွားရတာ ဘုန်းကြီးနာမည်တောင် မှန်အောင်မဖတ်တတ်တဲ့ စစ်ထွက်တွေ လုပ် နေကြလို့ပဲ။ သာသနာအရေး သူတို့ဘာမှ နားမလည်ဘူးလေ။ အုပ်ချုပ်ဖို့ပဲ သိတဲ့လူ တွေက ဌာနအကြောင်းနားမလည်ဘဲ ကိုင် တွယ်နေလို့ အခုလိုတွေဖြစ်ရတာ''ဟု ယင်း သာသနာရေးဝန်ကြီးဌာနနှင့် နီးစပ်သူတစ် ဦးက ပြောသည်။


တာမွေမြို့နယ်ရှိ မဟာသန္တိသုခ ကျောင်းတော်ကြီးအား အကြမ်းဖက် ဖယ် ရှားခဲ့ပြီးနောက် အစိုးရမှ သာသနာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် အား ငွေကြေးဆိုင်ရာ အလွဲသုံးမှုဖြင့် ဖမ်း ဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဝန် ကြီးအား တာဝန်မှရပ်စဲခဲ့ပြီး နိုင်ငံတော် သမ္မတ၏ သာသနာရေး အကြံပေးအဖွဲ့ ခေါင်းဆောင်နှင့် အဖွဲ့ဝင်တစ်ဦးအား ထပ်မံ ခန့်အပ်ခဲ့သည်။

Yangon Media  , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment