Pages

Monday, June 23, 2014

ကိုရီးယားနှစ်နိုင်ငံနယ်စပ် ရှေ့တန်းစစ်မြေပြင်စခန်း၌ မတော်တဆ သေနတ် ပစ် ခတ်မှု ငါးဦးသေ၊ ခုနှစ်ဦးဒဏ်ရာရ

RangonNewsDaily:: June . 23 .2014
ကိုရီးယားနှစ်နိုင်ငံနယ်စပ် ရှေ့တန်းစစ်မြေပြင်စခန်း၌ မတော်တဆ သေနတ် ပစ်
ခတ်မှုဖြစ်ပွားခဲ့ရာ တောင်ကိုရီးယားစစ်သားငါးဦး သေဆုံး ခဲ့ပြီး ခုနစ်ဦးဒဏ်ရာရရှိ
ခဲ့သည်ဟု ဒေသမီဒီယာများက ဖော်ပြခဲ့သည်။
တောင်ကိုရီးယားတပ်မတော်တပ်ကြပ်ကြီးတစ်ဦး စစ်မဲ့ဇုန်၌ ကင်းစောင့်တာဝန်
ထမ်းဆောင်နေစဉ် ၄င်း၏ K-2 ရိုင်ဖယ်ဖြင့် ၁ဝ ချက်ခန့် ၎င်း၏တောင်ကိုရီးယား
တပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်အရာရှိများက ပြောခဲ့သည်။

မြောက်ကိုရီးယားနယ်စပ် ဂန်ဝမ်ပြည်နယ် Goseong ရှိ ခြေလျင်တပ် အခြေစိုက်စခန်း
၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၄င်းပစ်ခတ်မှု ဖြစ်ပွားခဲ့သော ဧရိယာအနီး၌ ပေါက်ကွဲသံကြားရသော်လည်း အဆိုပါတပ်ကြပ်ကြီးက ဗုံးဖြင့်ပစ်ခဲ့ခြင်း ဟုတ် မဟုတ်
ကို တိတိကျကျ ပြောနိုင်ခြင်း မရှိသေးပေ။
::
သေဆုံးသူငါးဦးတွင် တပ်ကြပ်ကြီးသုံးဦးနှင့် တပ်သားနှစ်ဦးပါရှိပြီး ဒဏ်ရာရရှိသူ ခုနစ်
ဦးအနက် နှစ်ဦးမှာ စိုးရိမ်ရသော အခြေအနေရှိသည်ဟု ဆိုသည်။ 

(ဆင်ဟွာ)::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment