Pages

Monday, May 5, 2014

ယူကရိန်း စစ်ဘက်က Mariupol နှင့် Konstantinovka မြို့ များကို ဝင်ရောက် စီးနင်း


RangonNewsDaily: May . 5 .2014
ယူကရိန်းစစ်ဘက်သည် နိုင်ငံအရှေ့တောင်ပိုင်းရှိ Mariupol နှင့် Konstantinovka မြို့များရှိ ရုရှားလိုလားသူ ခွဲထွက်ရေး သမားများ
အား နှိမ်နင်းမှု စစ်ဆင်ရေးကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယူကရိန်း တပ်ဖွဲ့ဝင်များသည် Mariupol မြို့အတွင်းသို့ ဝင်ရောက်ခဲ့ပြီး အစိုးရဆန့်ကျင် ဆန္ဒပြသမားများ ထိန်းချုပ် ထားသော အုပ်
ချုပ်ရေး အဆောက်အဦးကို ဝန်းရံပိတ်ဆို့ထားသည်။ အဆိုပါ အဆောက်အဦး အတွင်း၌ ဆန္ဒပြသမား ရာနှင့်ချီ၍ရှိကြောင်း၊ ၎င်းတို့
သည် တာယာများ၊ အခြားအရာ ဝတ္ထုပစ္စည်းများဖြင့် အတားအဆီး များ ပြုလုပ်ထားကြောင်းနှင့် တာယာများအား မီးရှို့ပြီး အဟန့်
အတား ပြုလုပ်လျက်ရှိကြောင်း အဆိုပါ မြို့ ကိုယ်ပိုင်က ကွယ်ရေးဌာနချုပ်မှ တာဝန်ရှိသူ Mikhail Krutko က ပြောကြားခဲ့သည်။

ယူကရိန်းကြည်းတပ်က ဆန္ဒပြသမားများ အနေဖြင့် အဆိုပါ အဆောက်အဦအတွင်းမှ မထွက်ခွာပါက ပစ်ခတ်တိုက်ခိုက်ပြီး အဆောက်အဦးကို ပြန်လည်သိမ်းပိုက် သွားမည်ဖြစ်ကြောင်း သတိပေး ပြောကြားထား သည်။ Mariupol မြို့ရှိ ဘဏ်တစ်ခုသည်လည်း မီးရှို့ဖျက်ဆီး ခံခဲ့ရကြောင်းသိရသည်။ 


ထို့အပြင် ယူကရိန်း သံချပ်ကာ လူသယ် ယာဉ်တန်းတစ်ခုသည် Konstantinovka မြို့အနီး စစ်ဆေးရေးဂိတ်များတွင် ဖြန့်ကြက် နေရာယူထားသည်။ အဆိုပါမြို့တွင်လည်း ယူကရိန်း တပ်ဖွဲ့ဝင်များက အထူးစစ်ဆင်ရေး ပြုလုပ် လျက်ရှိ ကြောင်းနှင့် စစ်သည်
အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း ယူကရိန်း ခေတ္တပြည်ထဲရေး ဝန်ကြီး Arsen Avakov က ပြောကြားခဲ့သည်ဟု သိရသည်။

မြ၀တီ , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment