Pages

Monday, May 5, 2014

လသာမြို့နယ် တွင် ဘရိတ်ပေါက်သည့် မထသ(၆၂)ယာဉ်မှ ယာဉ်(၃)စီးအားတိုက် မိပြီး အမျိုးသမီးတစ်ဦးကို ကြိတ်မိသဖြင့် သေဆုံး

RangonNewsDaily: May . 5 .2014
၃.၅.၂၀၁၄ ရက်နေ့ ၁၃၀၅ အချိန်တွင် လသာမြို့နယ်၊ အနော်ရထာလမ်း အတိုင်း ဆူးလေဘက်မှ လမ်းမတော်ဘက်သို့ ယာဉ်မောင်း စိုးထိုက်ဦး (ခ)မောင်ဝင်း၊ (၃၀)နှစ်၊ (ဘ)ဦးဝင်းဦး၊ ဒဂုံတောင်မြို့နယ်နေသူ မောင်းနှင် လာသော ၆ခ/---- ဖူဆိုအမျိုးအစား မထသ(၆၂)ယာဉ်လိုင်း ခရီးသည်တင် ယာဉ်သည် လသာ မှတ်တိုင်အနီးအရောက် ဘရိတ်ပေါက်ကာ ရှေ့၌
ခရီးသည်အတင်အချပြုလုပ်နေသော၂ဂ/---- ဖူဆိုအမျိုးအစား (၁၅၇)ယာဉ် လိုင်း ခရီးသည်တင်ယာဉ်၊ လမ်း၏ယာဘက်တွင် ရပ်ထားကြသည့် BB---- ပရိုဘောက်အငှားယာဉ်နှင့် 9D---- ပရိုဘောက်အငှားယာဉ်တို့အား ၀င်ရောက်တိုက်မိခဲ့ပြီး လမ်းဘေးတွင်ရပ်နေသူ ကြည့်မြင်တိုင်မြို့နယ်နေဒေါ်ခင်သန်း၊ (၅၁)နှစ်ကို ယာဉ်၏ရှေ့ယာဘက်ဘီးဖြင့် ဆက်လက်ကြိတ်မိ ခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၄)စီးပျက်စီးပြီး ဒေါ်ခင်သန်းမှာ ယာခြေသလုံး
နှင့် ခြေခုံကျိုးကြေ၊ ၀မ်းဗိုက်အောင့်၊ ခေါင်းမူးဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ပါသည်။
ယင်းကဲ့သို့ ယာဉ်ပေါ့လျော့စွာမောင်းနှင်သူ စိုးထိုက်ဦး(ခ)မောင်ဝင်းအား လသာမြို့မရဲစခန်း ယာဉ် (ပ)၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment